Latest Breaking News & Headlines

မြန်မာတွေ အထွတ်အမြတ်ထားရတဲ့ လပြည့်နေ့လေးမှာ ဗုဒ္ဓဘာသာဝင်တစ်ယောက်မဟုတ်သော်လည်း ဝါဆိုသင်္ကန်း ဆပ်ကပ်လှူဒါန်းခဲ့တဲ့ Sinon Loresca…

126

မြန်မာနိုင်ငံကို Sinon Loresca ကအလုပ်ကိစ္စနဲ့ ခဏတာ လာရောက်ရာမှ ပြန်မာလူမျိုးတွေအပေါ် သံယောဇဉ်တွယ်သွားခဲ့တာ ဖြစ်ပါတယ်။ အခုဆိုရင် Sionon က သူ့ရဲ့ အချိန်တော်တော်များများကို မြန်မာနိုင်ငံမှာ အလှူအတန်းနဲ့ အနုပညာလုပ်ငန်းတွေ လုပ်ကိုင်ရင်း

ကုန်ဆုံးနေလျက်ရှိပါတယ်။ အလှူအတန်းတွေကို ရက်ရက်ရောရောပြုလုပ်တဲ့ Sinon ကို အားပေးကြတဲ့ မြန်မာပရိသတ်တွေကလည်း အခုဆိုရင် အများအပြားရှိနေပြီပဲ ဖြစ်ပါတယ်။ မြန်မာပရိသတ်အခိုင်အမာရှိနေပြီဖြစ်တဲ့ Sinon က ဒီကနေ့မှာလည်း သူ့ရဲ့ ချစ်စရာကောင်းတဲ့ အပြုအမူတစ်ခုကြောင့် ပရိသတ်တွေကို အချစ်ပိုတိုးစေခဲ့ပါတယ်။ အဲ့ဒါကတော့ Sinon က ခရစ်ယာန်

ဘာသာဝင်တစ်ယောက်ဖြစ်ပေမယ့် မြန်မာတို့ရဲ့ အထွတ်အမြတ်ဖြစ်တဲ့ လပြည့်နေ့လေးမှာ ဝါဆိုသင်္ကန်းကပ်ပြီး သံဃာတော်တစ်ပါးကို ဦးချကန်တော့ခဲ့တဲ့ မြင်ကွင်းလေးပဲ ဖြစ်ပါတယ်။ Sinon ကတော့ သူ့ရဲလုပ်ရပ်ဟာ အထူးအဆန်းမဟုတ်ပဲ “ဘာသာတရား ၊ ယဉ်ကျေးမှု ၊ ယုံကြည်မှုတွေအားလုံးဟာ ကိုယ့်ဘာသာနဲ့ကိုယ် မတူရင်တောင် လေးစားမှုပမာဏနဲ့

ထိုက်တန်ပါတယ် 🙏🏽❣️” လို့ ဆိုထားပါတယ်။ Sinon ဟာ ဗုဒ္ဓဘာသာဝင်တစ်ယောက်မဟုတ်ပေမယ့် ဗုဒ္ဓဘာသာဝင်များအပေါ် လေးစားမှုရှိတဲ့ သူ့ရဲ့စိတ်ထားလေးက အရမ်းကို ချစ်စရာကောင်းလှပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Leave A Reply

Your email address will not be published.

error: Content is protected !!