Latest Breaking News & Headlines

မြိတ်မြို့နယ်ရှိ ကျေးရွာများတွင် မိုးသက်လေပြင်းကျရောက်ပြီး သစ်ပင်များလဲပြိုကာ လူနေအိမ်(၃၇) လုံး နှင့် အဆောင်အဦ(၅)လုံး ပြိုကျပျက်စီး…

86

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်တွင် ကျေးရွာအုပ်စု(၆)အုပ်စုရှိ ကျေးရွာ(၁၄)ရွာတွင် ဩဂုတ်လ (၂)ရက် ည(၉)နာရီခန့်မှစ၍ မိုးသက် လေပြင်း ကျရောက်ပြီး သစ်ပင်လဲပြိုကာ လူနေအိမ်(၃၇)လုံးနှင့် အဆောက် အဦ(၅)လုံး ပြိုကျပျက်စီးမှုများ ဖြစ်ပွားခဲ့ပြီး လူများထိခိုက် ဒဏ်ရာရ သေဆုံးမှုများ မရှိကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။

မိုးသက်လေပြင်းကျရောက်မှုကြောင့် လူနေအိမ်(၁၄)လုံး ပြိုကျ ပျက်စီး ခဲ့ပြီး လူနေအိမ်(၂၃)လုံး တစ်စိတ် တစ်ပိုင်းပျက်စီးခဲ့ကာ အခြား အဆောက်အဦ(၅)လုံး တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့၍ ၄င်းတို့မှာ ဘုန်းတော်ကြီး ကျောင်း(၁)ကျောင်း၊ ဘုရားဇရပ်(၁)ဆောင်၊ စပါးဂို တောင်(၁)လုံးနှင့် လက်တူးရေတွင်းအမိုး(၂)ခုတို့ဖြစ်ကြသည်။

ပြိုကျပျက်စီးခဲ့သည့် နေအိမ်နှင့် အဆောက်အဦများကို ကျေးရွာ အုပ်ချုပ် ရေး အဖွဲ့၊ အရန်မီးသတ်တပ်ဖွဲ့ ဝင်များ၊ ကျေးရွာသူ/သားများမှ စုပေါင်း ရှင်းလင်းခဲ့ကြပြီး နေအိမ်များတွင် နေထိုင်ကြသည့် မိသားစု များအား ၄င်း တို့၏ နီးစပ်ရာဆွေမျိုးနေအိမ်များသို့ ပြောင်းရွေ့နေထိုင် စေလျက် ရှိကြောင်း၊ ဘေးသင့်အိမ်ထောင်စုများအား ကယ်ဆယ်ရေး ပစ္စည်းများ ထောက်ပံ့နိုင်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို တာဝန်ရှိ သူများမှ စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Leave A Reply

Your email address will not be published.

error: Content is protected !!