Latest Breaking News & Headlines

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပိန်းဇလုပ်မြို့၌ တိုက်နယ်ဆေးရုံနှင့် အိမ်‌ထောင်စု နှစ်ရာကျော်အား ရေလွတ်ရာသို့ ပြောင်းရွှေ့…

69

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပဲခူးတိုင်းဒေသကြီး ညောင်လေးပင် မြို့နယ် ပိန်းဇလုပ်မြို့တွင် ရေကြီးရေလျှံမှုဖြစ်ပေါ်ကာ ယနေ့နံနက် ၁၀နာရီက တိုက်နယ်ဆေးရုံနှင့် အိမ်‌ ထောင်စု ၂၀၀ကျော်အား ရေဘေးလွတ်ရာသို့ ပြောင်းရွေ့ပေးထားကြောင်း ပိန်းဇလုပ်မြို့ အုပ်ချုပ်ရေးမှူး၏ ပြောကြားချက်အရသိရသည်။

” မနက် ၁၀နာရီ ကစရွှေ့တာ ခုထိ‌ပြောင်းရွှေ့နေတုန်းဆိုတော့ လူဦးရေ မပြောနိုင် သေးဘူး။ ရေလွှမ်းတာ အိမ်ခြေ ၅၀၀ ဝန်းကျင်လောက် ရှိတယ်။ တိုက်နယ်ဆေးရုံက လူနာတွေကိုတော့ တိုက်ကျောင်းကို ရွှေ့ထားတယ်။ ရေလည်ကျောင်းမှာက အိမ်ထောင်စု ၃၀နဲ့ တောင်ကျောင်း မှာ အိမ်ထောင်စု ၂၀၀ ရွှေ့ထားပေးတယ်” ဟု ပိန်းဇလုပ် မြို့ အုပ်ချုပ်ရေးမှူးကပြောသည်။

ရေဘေးသင့်ပြည်သူများကို ယာယီရေဘေးရှောင်နေရားများသို့ ဆက်လက် ပြောင်းရွှေ့ပေးနေပြီး ထမင်းထုပ်များဝေနိုင်ရန် ဆောင်ရွက် လျက်ရှိကာ လွှတ်တော်ကိုယ်စားလှယ်များ၊ဌာနဆိုင်ရာများ၊ အုပ်ချုပ်ရေး အဖွဲ့များ၊ နယ်မြေခံတပ်ရင်းတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ လူမှုရေးအဖွဲ့အစည်းများက ရေဘေးသင့်ပြည်သူများအား ကူညီဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။

Leave A Reply

Your email address will not be published.

error: Content is protected !!