Latest Breaking News & Headlines

ပြည်ပ တင်သွင်းယာဉ် အခွန်လျှော့ လိုက်၍ အမြင့်ကားဈေး သိန်း ၂၀ မှ ၁၀၀ အထိ ကျဆင်းနိုင်…

105

ပြည်ပမှတင်သွင်းလာသည့်လူ စီးယာဉ်များကို သြဂုတ် ၁ ရက်မှစ၍ အင်ဂျင်ပါဝါအလိုက် အခွန်များ ဖြေလျှော့ပေးလိုက်ရာ အမြင့်ကားဈေးများ ကျပ်သိန်း ၂၀ မှ ၁၀၀အထိ ဈေးနှူန်းကျဆင်းလာနိုင်ကြောင်း ကားဈေးကွက်ကျွမ်းကျင်သူများက ယနေ့သြဂုတ် ၂ ရက်တွင် သုံးသပ်ပြောကြားသည်။ ပြည်ပမှတင်သွင်းပြီး အခွန်ကောက်ခံလျက် ရှိသည့် လူစီးယာဉ်များကို အခွန်ဖြေလျှော့ပေး၍ ဥရောပနိုင်ငံမှ တင်သွင်းထားသည့် ကျပ်သိန်း ၅၀၀ အထက်ကားများနှင့် ပြည်တွင်းတွင်ရောင်းချလျက်ရှိသည့် တန်ဖိုးကြီး အမြင့်ကားဈေးနှုန်းများ ကျဆင်းလာနိုင်ကာ ပြည်တွင်းထုတ် SKD ကားများလည်း ဈေးနှုန်းလိုက်ပါ ကျဆင်းလာနိုင်ကြောင်း သိရသည်…

“သြဂုတ်လ ၁ရက်နေ့ ကနေ ပြည်ပကတင်သွင်းတဲ့ကားတွေကို Custom Duty ၁၀ ရာခိုင်နှူန်းအထိ လျှော့ချပေးလိုက်တော့ ကားတွေအားလုံးဈေးတွေ အထိုက်အလျှောက်ကျလာမှာသေချာတယ်။ ကားဈေးတွေက ၅ ရာခိုင်နှုန်းလောက်ကျလာနိုင်တယ်။ အရင်က သိန်း ၅၀၀ ကျမယ့်ကားတွေက အခုအခွန်လျှော့ပေးလိုက်တော့ သိန်း ၄၇၀ လောက်ဖြစ်သွားမယ်။ CIF အရမ်းများတယ် အင်ဂျင်ပါဝါ ကြီးတဲ့ကားတွေကတော့ သိန်း ၅၀ ကနေ ၁၀၀ လောက်အထိပိုထိနိုင်တယ်။တန်ဖိုးကြီး အမြင့်ကားတွေ သိန်း ၂၀ ကနေ သိန်း ၁၀၀ အထိ ဈေးကျလာနိုင်တယ်။ အမြင့်ကားတွေဈေးကျလာရင် အောက်ကားဈေးကတော့ အနည်းငယ် လိုက်ကျနိုင်တာပေါ့။ SKD ကားတွေလည်း ကားဈေးအားလုံးကျရင် တင်းခံပြီးရောင်းဖို့ဆိုတာ မလွယ်လောက်ဘူး။ အလိုက်အထိုက် ဈေးတွေချပေးရတယ်။ ဒါကဈေးကွက်သဘောပဲလေ “ဟုပြည်ပမှ မော်တော်ယာဉ်တင်သွင်းရောင်းချနေသူ ကိုကျော်စွာက မြန်မာတိုင်းမ်သို့ ပြောသည်…

” အခွန်လျှော့လိုက်လို့ ကားဈေးတွေ ကျဆင်းသွားမှာကအသေအချာဘဲ။ တန်ဖိုးကြီးတဲ့ကားက ဈေးပိုကျနိုင်တယ်။ အခုမှ ပြည်ပကမှာယူနေတဲ့ကားတွေက အခွန်လျှော့တဲ့အထဲ ပါမယ်။ဆိပ်ကမ်းရောက်ပြီးသား Custom Duty ဆောင်ပြီးသားကားတွေကတော့ အခွန်လျှော့တာမပါနိုင်ဘူး။ SKD ကားတွေကလည်း ဒီအတိုင်းပဲ သြဂုတ်လနောက်ပိုင်းမှ ရောက်မယ့် ကားတွေက ဈေးတစ်ခုအထိ လျှော့လာနိုင်တယ်။ အရင်အခွန်မလျှော့တဲ့အခွန်နဲ့ SKD ကားတွေကြိုမှာထားတဲ့သူတွေ ဆို ပြသာနာဖြစ်နိုင်တယ်။ SKD က အခွန် ၀ ရာခိုင်နှုန်းဖြစ်တဲ့ကားဆို ပြဿနာမရှိဘူး။ ၁၀ ရာခိုင်နှုန်း ဆောင်နေတဲ့ကားဆို ကားဝယ်တဲ့သူနဲ့ စကားပြောစရာတွေဖြစ်လာမယ်။ အမှန်က အခွန် ဘယ်လောက်လျှော့မယ်ဆိုတာ ကြိုတင်ကြေညာပေးသင့်ပါတယ်။ အခုက ဗြုန်းစားကြီး ဆိုတော့ အဆင်မပြေဘူးပေါ့။”ဟု ပြည်တွင်းထုတ် SKD စနစ်ဖြင့် Dealer ယူရောင်းချနေသူ ဦးစိုင်းက သြဂုတ် ၂ ရက်တွင် မြန်မာတိုင်းမ်သို့ ပြောသည်…

အခွန်များလျှော့ပေးရာတွင် အင်ဂျင်ပါဝါ ၂၀၀၀ စီစီနှင့် အောက်ကို လက်ရှိ အကောက်ခွန်နှုန်း ၃၀ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းသို့လည်းကောင်း၊ အင်ဂျင်ပါဝါ ၂၀၀၀ စီစီနှင့်အထက်ကို လက်ရှိ အကောက်ခွန်နှုန်း ၄၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းသို့လည်းကောင်း၊ ပြည်တွင်းတွင်တပ်ဆင်ထုတ်လုပ်နေသည့် SKD စနစ်ဖြင့်တင်သွင်းလာသော ၂၀၀၀ စီစီနှင့်အောက် မော်တော်ယာဉ် များအတွက် လက်ရှိ အကောက်ခွန်နှုန်း၁၀ ရာခိုင်နှုန်းမှ ၀ ရာခိုင်နှုန်းသို့လည်းကောင်း၊ SKD စနစ်ဖြင့်တင်သွင်းလာ ၂၀၀၁ စီစီနှင့်အထက် မော်တော်ယာဉ်များအတွက် လက်ရှိ အကောက်ခွန်နှုန်း ၂၀ ရာခိုင်နှုန်းမှ ၅ ရာခိုင်နှုန်းသို့လည်းကောင်း သြဂုတ်လ ၁ရက်မှစ၍ ဖြေလျှော့ပေးသွားမည်ဖြစ်ကြောင်း အသိပေးကြေညာ ထားသည်…

Leave A Reply

Your email address will not be published.

error: Content is protected !!