Latest Breaking News & Headlines

စစ်ပွဲ ဆာလောင်နေ တဲ့ တောက်ခေါက်သံ နောက်က မြန်မာပြည် အတွက် မျော်လင့်ချက်များ…

445

ကတောက်!ဆိုတဲ့ အသံ…..ဘယ်က ဘာလို့ ထွက်လာသလဲ…… အမှန်တော့ မကျေနပ်လို့ ထွက်လာတဲ့ အသံမဟုတ်…အားမလို အားမရဖြစ်လို့ ထွက်လာတဲ့ အသံ။ဒီ အသံက စစ်ပွဲကို ဆာလောင်နေတဲ့အသံ။အရှင်းဆုံးပြောရရင်…..တရုတ်ကို မြန်မြန်မဆော်လို့…အင်နဲ့အားနဲ့ ဝိုင်းဆော်စေချင်တာကို….သူတို့စိတ်ထဲ မချိတင်ကဲဖြစ်ပြီး….အားမလို အားမရ ဖြစ်နေတဲ့ အသံ…

မအံသွပါနဲ့…..ဘယ်နေ့ ဆော်မလဲ ဆော်မလဲ ဆိုပြီး…အားခဲနေတဲ့သူတွေထဲ ကျုပ်လဲ အပါဝင်။စစ်ဖြစ်ရင် ဆုံးရှုံးမှုများမယ်….ဒုက္ခများမယ်..အခက်အခဲမျိုးစုံ ကြုံရနိုင်တယ်။ဒါကို လူတိုင်းသိနေပါလျှက်…..ဒီစစ်ပွဲကို ဘာလို့ မျှော်နေတာတုန်း။ ခများအမြင် ကျုပ်အမြင် တူချင်မှ တူပေမဲ့…သာကော တို့အပေါ်မှာ ထားတဲ့ စေတနာကတော့တူမယ်ထင်ပါတယ်။ဒီစစ်ပွဲဟာ တတိယကမ္ဘာစစ်ဖြစ်မယ်ဆိုရင်တောင်..အားပေးဖို့ ဆုံးဖြတ်ပြီးသား…

ဒီစစ်ပွဲကြီးပြီးသွားတဲ့အခါ…ရလာမဲ့ အကျိုးအမြတ်နဲ့ အသီးအပွင့်ကိုမျှော်လင့်ထားသလို မြင်နေရလို့။သေခြာတာက….လူပေါ် လူညွန့်ခူးစားတတ်တဲ့လူအချင်းချင်းလူစွာလုပ်နေသူတွေ ငြိမ်သွားမယ်။အင်အားကြီးသူက အင်အားသေးသူကိုအနိုင်ကျင့်တတ်တဲ့ ကိစ္စတွေ မရှိနိုင်တော့ဘူး။ သူများပြည်တွင်းရေး ညစ်ချင်သလိုညစ်ပြီးလူမိုက်အားပေးလုပ်နေတာတွေ ရပ်သွားမယ်..အာဏာရူးနေသူတွေ ငြိမ်သွားမယ်။လူအခွင့်ရေး ချိုးဖောက်မှုတွေ နည်းသွားမယ်… စီးပွားရေးနိုင်ငံရေး လုပ်လို့ ပိုကောင်းလာမယ်..အများကြီးပေါ့ဗျာ။အကောင်းဆုံးတွေရမယ်ဆိုတာသိလို့…စစ်ပွဲကပေးမဲ့ ဒုက္ခတွေ အနိဌာရုံတွေကိုမြင်ရမှာ တွေ့ရမှာမကြောက်ပဲ အားပေးနေတာပေါ့။အထူးသဖြင့်…သာကော အခက်တွေ့လေ မြန်မာနိုင်ငံတိုးတက်လေပဲ။သာကော အခက်ကြုံလေ မြန်မာပြည်ငြိမ်းချမ်းလေ…

ဒါ အ ရှိ တရား…ကျုပ်တို့နိုင်ငံရဲ့ အကောင်းအဆိုးဟာ…သာကောတို့ရဲ့ အကြောင်းအကျိုးနဲ့နွယ်နေတယ်ဆိုတာ ထမင်းစားသူတိုင်း သိတယ်။ဒီနေရာမှာ အမြင်မတူသူတချို့ရှိတယ်။ဒီပွဲကို Usက ဖောရှိုး လုပ်ပြတယ်…ဘာဖြစ်တယ် ညာဖြစ်တယ်ဆိုပြီး ပြောနေသူတွေ..တကယ်မတိုက်ဘူး လို့ ပြောနေသူတွေရဲ့အယူအဆဘာကြောင့်မှန်းတော့ ကျုပ်မသိဘူး….ကျုပ်သိတာပြောပြမယ်။အမေရိကန် တရုတ်နဲ့ဆက်ဆံရေးကောင်းမွန်ဖို့အတွက်…ဆယ်စုနှစ် ၃ ခုလောက် ကြိုးစားခဲ့ရတယ်။USA ဖြစ်လာတာ ကမ်ဘာကြီးကြောင့်ဆိုပေမဲ့..တရုတ်ဖြစ်လာတာ Usကြောင့်ဆိုတာ သိပါ။

ဒီအချိန်မှာ တော့…Usရဲ့ထိပ်ပိုင်းခေါင်းဆောင်တွေအားလုံးကထမင်းကျွေးတဲ့လက်ပြန်ကိုက်တယ်ဆို ပြီး..ရင့်ရင့်သီးသီး ပြောပီး ခွေးနဲ့နှိုင်းပြီးမောင်းထုတ်လိုက်တယ်။(ဆယ်စုနှစ်၃ခုကျော်တည်ဆောက်ထားတဲ့ဆက်ဆံရေးကို လွယ်လွယ်လေးနဲ့အဆုံးသတ်ပြစ်တာ အကြောင်းရှိတယ်)ပြီးတော့ ထရန့်ရဲ့ ရင့်သီးစွာ ပြောဆိုနေမှုနဲ့ Covid-19အတွက် ဝန်ဆောင်မှု ကိစ္စ။စစ်ပွဲဆီ အရောက်ခေါ်လာ တာပဲ။ဂျပန်…မသိမသာ ဘေးဖယ်ပေးခဲ့ရတဲ့အရှုံးသမား။Usနဲ့တရုတ် သင့်မြတ်ပြီး ကမာ့စီးပွားရေးကိုထင်သလို လုပ်နေတဲ့အချိန် ထိုင်ကြည့်နေခဲ့ရတယ်။သူနောက်ရောက်သွားတာ တရုတ်ကြောင့်…

ဒီအတွက် အရှေ့တောင်အရှနိုင်ငံတွေရဲ့ ထောက်ခံမှုတွေကိုပြန်ရဖို့အတွက်..ဒီဆယ်စုနှစ်တခုအတွင်း အပေးအကမ်းရက်ရောပီးရင်းနှီးမြုပ်နှံမှုတွေ ပြန်လုပ်လာတာ အများအသိ။သူလည်း ကျုပ်တို့လိုပဲ…တရုတ်အခက် ဂျပန် အချက်..ဒါကြောင့်…ဒီပွဲ အတွက်…သူလည်း ရှေ့ကထွက် လာတာ။ပြီးတော့ သြစတြေးလျ…သူက ဘာလားပြချင်သူ။သူ့အကြောင်းနဲ့ သူပဲ…ဖီလစ်ပိုင် အိုင်သေးပေမဲ့ ငါးကြီးတွေ ရှိတယ်..လုပ်ရဲ လုပ်ကြည့် ဆို တဲ့… တစောက်ကန်း။ဗီယနမ်..မကြာသေးခင်ကမှ သူတို့တွေရဲ့ငါးဖမ်းသဘောကို ပင်လယ်ထဲအမြုပ်ခံထားရသူတွေ…

ဒီတော့…Us က ရှေ့က ထောင် ပေးရုံ ပဲ။တကယ် ထွက်လာတာ နဲ့ တကယ်သက်မှာက…ဂျပန် သြစတြေးလျ ဖီလစ်ပိုင် ဗီယနမ်းနဲ့ညွန့်ပေါင်းအဖွဲ့…
Us ဆိုတဲ့ ဘိုးတော်က လိုအပ်မှ ဝင်ချမှာ။ ဟန်ရေးပြနေတာလို့ ဆိုတဲ့သူတွေကိုသိစေချင်တာက….ယနေ့ တောင်တရုတ် ပင်လယ်မှာ စစ်ရေးပြနေတဲ့Usရဲ့ကုန်ကျစာရိတ်ဟာ…တစ်နေ့ကို US$သန်း၁၀၀ ကျော်အထိ ကုန်တယ်။ဒါ Us စစ်တပ်တစ်ခုထဲရဲ့ စာရိတ်နော်…

ဒါဆို…ဘာလို့ မတိုက်သေးပဲ အချိန်ဆွဲနေတာလဲ ဆိုပြီး..မေးစရာရှိတယ်။စိတ် ချ..တိုက်မှာ..ခုဆို..ဖိလစ်ပိုင်ရဲ့ Baseမှာ လေယာဉ်ပြေးလမ်းကနေ..စစ်တန်းလျှားတွေကအစ…စစ်သည်တွေနေဖို့..လေယာဉ်တွေ သဘောတွေ ထားဖို့ပြင်ဆင်ဆောက်လုပ်နေတယ်။ပင်လယ်ဆိုတာ မြေပြင်နဲ့မတူဘူး။အစစ အရာရာ သေခြာပြင်ဆင်ရတယ်။ကိုယ့်ဘက် အဆင်သင့်ဖြစ်ပြီ ဆိုမှ…စစ်ပွဲဆိုတာ စလို့ကောင်းတာ။ဘာကြောင့် မစသေးလည်း ဆိုရင်…လုံးဝ အဆင်သင့် မဖြစ်သေးလို့ပါ။ လေကြောင်း ကတော့ စလို့ ရသလောက် စနေပါပြီ။ဒါကို ကြည့်ခြင်း အားဖြင့်…ဒီစစ်ပွဲက ဖြစ်ကို ဖြစ်မယ်။မတိုက်ဘူးကွာ ဆိုပြီး သာကောတို့က Covid-19အတွက် လျှော်ကြေးပေးမယ်ဆိုရင်တော့..မဆိုးပါဘူးဗျာ….ကျုပ်တို့နိုင်ငံအတွက်တော့ အရှုံးထဲက အမြတ်ပေါ့။နည်းတာမှတ်လို့။
ဒီတော့….စောင့်ကြည့်ရမှာပေါ့ ဗျာ…

Leave A Reply

Your email address will not be published.

error: Content is protected !!