Latest Breaking News & Headlines

ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့ “စစ်မှန်တဲ့ မိတ်ဆွေ ကောင်း ဆိုတာ”…

82

မိတ် ဆွေ နဲ့ ပတ် သက်ပြီး အဓိပ္ပာယ် ဖွင့် ဆို ချက် တစ် ခု ရှိ ပါ တယ် ။ အဲဒီ အဓိပ္ပာယ် ဟာ မြန်မာပြည် မှာ နိုင်ငံရေး လှုပ်ရှားမှု ပြုလုပ်ရင် မတည်မြဲ တဲ့ လောကဓံ အတွေ့ အကြုံ ကို စုံနေအောင် တွေ့ကြုံဖူးသူတွေ အနေ နဲ့ တကယ် ဟုတ် ပါ လား လို့ ခေါင်း တ ညိတ် ညိတ် နဲ့ ကျန် ခဲ့ မယ့် အဓိ ပ္ပာယ် ပါ ပဲ …

သင် နာ မ ကျန်း ဖြစ်နေတဲ့ အချိန်၊ မပြည့်စုံနေ တဲ့ အချိန်၊ ဒါ မှ မဟုတ် အခက် အခဲ တွေ့နေတဲ့ အချိန်မျိုးမှာ၊ သင် ရန်သူရဲ့ ဖမ်းဆီးမှု ခံရတဲ့ အခါမျိုးမှာ၊ ဘုရင့်ရှေ့ မှောက် ဝင် ရ မယ့် အချိန် မျိုး မှာ၊ ဒါ မှ မ ဟုတ် အလောင်းကောင် ဘဝ ရောက် တဲ့ အခါမျိုး မှာ သင့်အပေါ် သစ္စာရှိတဲ့ မိတ်ဆွေ ဟာ တကယ့်ကို စစ်မှန် တဲ့ မိတ် ဆွေ ဖြစ် ပါ တယ် ။

မိတ်ဆွေကောင်း ဆို တာ — ဗုဒ္ဓ ဘာ သာ ရဲ့ သွန်သင်ချက် အရ မိတ်ဆွေကောင်း ဆိုတာ ပေးဖို့ရာ မလွယ် တဲ့ အရာတွေ ကို ပေးတဲ့သူ၊ ပြုလုပ်ဖို့ရာ ခက်ခဲတဲ့ အရာကို ပြုလုပ်တဲ့သူ၊ မာထန်တဲ့ စကား ကို သည်းခံတဲ့သူ၊ သူရဲ့ လျှို့ဝှက်ချက်တွေကို သင့်ကို ပြောပြတဲ့သူ၊ သင်ရဲ့ လျှို့ဝှက်ချက်တွေ ကို အထူးတလည် ထိန်းသိမ်း စောင့်ရှောက် တဲ့ သူ၊ မရှိဆင်းရဲ တဲ့ အချိန် မှာ သင့်ကို စွန့်ခွာမသွားတဲ့ သူ ၊ သင် ဆုံးရှုံး ပျက်စီး တဲ့ အခါ သင့် ကို ပြစ်တင် ဝေဖန်ခြင်း မပြုတဲ့သူ လို့ ဆို ပါ တယ် ။ ဒီလို မိတ်ဆွေေ ကာင်းတွေ နဲ့ ဆို ရင် အကြမ်း တမ်း ဆုံး ခရီးလမ်း ကို လျှောက်လှမ်းနိုင် ပါတယ်။ အခက်အခဲ အကြမ်းအတမ်းတွေကို လက်မြှောက် အရှုံးပေးစရာ မလိုပါဘူး။အမှန် မှာတော့ သွား ရ မယ့် ခရီးလမ်းက ကြမ်းလေ ၊ လောကဓံ အခက်အခဲတွေနဲ့ ကြုံတွေ့ရတဲ့ အခါ ကိုယ့်အပေါ် သစ္စာရှိတဲ့၊ ကောင်းမွန် မြင့်မြတ်တဲ့ ကလျာ ဏမိတ္တ မိတ်ဆွေတွေနဲ့ အဖော်ပြုရလေ၊ ကြည်နူးရလေ ပါပဲ ။

မိတ်ဆွေကောင်းဖြစ်ချင် — ကျွန်မအနေ နဲ့လည်း ကျွန်မ တို့ ပြည်သူတွေ အတွက် မိတ်ဆွေကောင်း တစ်ယောက် ဖြစ်ချင် ပါတယ် ။ အဲ ဒီတော့ ခက်ခဲ တဲ့ အချိန် မှာလည်း ရပ်တည် မယ်။ နောက် တစ်ခု က မိတ်ဆွေကောင်း ဆိုတာ မှန်မှန် ကန်ကန် ပွင့်ပွင့်လင်းလင်း ဆက်ဆံ ရတယ် ။ ပြောဆို ရတယ် ။ ကိုယ့်အကြိုက် ကို လိုက်လိုက်ပြောတဲ့ သူက မိတ်ဆွေေ ကာင်း လို့ မထင်နဲ့နော် ။ မှားလိမ့်မယ် ။ ဘယ်တော့မဆို ကိုယ့်အကြိုက်ကို လိုက်ပြီးပြောတာဟာ မိတ်ဆွေကောင်း များ ရဲ့ အလုပ် မဟုတ်ဘူး။ တ ကယ့် မိတ်ဆွေကောင်း ဆို တာ ကိုယ်ရဲ့ ကောင်းကျိုးကို ရှေးရှုပြီး ပြောသင့် ပြောထိုက်တာကို ပြောမယ်။ ထောက်ပြသင့်တာကို ထောက်ပြမယ်။ ဒီတော့ ကျွန်မတို့ဟာ တစ် ဦးနဲ့ တစ်ဦး ကျွန်မ နဲ့ ပြည်သူကြား မှာ တကယ့်ကို ကောင်းမြတ် တဲ့ မိတ်ဆွေစစ်တွေ ရဲ့ ဆက်ဆံမှု တစ်ခု ဖြစ်စေချင် ပါတယ်။

မိတ်ဆွေကို ကိုယ့်လူဖြစ်အောင် — ဖေဖေ ပြော ခဲ့တဲ့ စကားအရ ဆိုရင် ရန်သူကို မိတ်ဆွေ ဖြစ်အောင် လုပ်ရမယ် ၊ မိတ်ဆွေ ကို ကိုယ့်လူ ဖြစ်အောင် လုပ်ရ မယ်တဲ့ ။ရန်သူ ကို မိတ်ဆွေ ဖြစ်အောင် လုပ်တယ် ဆိုတာ ကတော့ အဓိပ္ပာယ် က ရှင်းပါတယ်။ မိတ်ဆွေ ကို ကိုယ့်လူဖြစ်အောင် လုပ်ရမယ် ဆိုတာ တချို့ က နားမလည်ဘူး။ ပြောချင်တာက မိတ်ဆွေတွေ ကလည်း ကိုယ်နဲ့အတူ ပူးပေါင်းပြီးတော့ လုပ်သင့် တာတွေကို အတူတူ လုပ်တဲ့ အဆင့် ဖြစ်ရမယ်။ တချို့က မိတ်ဆွေတော့ မိတ်ဆွေပဲ။ ဘာမှ မလုပ်ပေးဘူး။ ဘေးကနေ ကြည့်နေတယ်။ မိတ်ဆွေ ခင်ပါတယ်၊ သူငယ်ချင်း ကိုယ့်ဘာသာ ကိုယ် ရုန်းကန်ပေါ့နော်။ အဲဒါဟာ မလုံလောက်ဘူး။ အဲဒါကြော င့်မလို့ မိတ်ဆွေကို ကိုယ့်လူ ဖြစ်အောင် လုပ်ရ မယ် ဆိုတာ ကိုယ့်မိတ်ဆွေတွေ ကလည်း ကိုယ်နဲ့အတူတူ ဘုံရည်မှန်းချက်အတွက် ရုန်းကန်နိုင်တဲ့ အနေအထားမှာ ရောက်လာအောင်လို့ ကျွန်မတို့ ကြိုးစား ရ မယ် ။ အဲဒီတော့ ကျွန်မတို့ အတွက် ဒီနိုင်ငံမှာ ဘယ်သူကမှ ဘယ်သူ့ကိုမှ ရန်သူရယ်လို့ မမြင်ချင်ဘူး။ ဒီနိုင်ငံသူနိုင်ငံသား အားလုံး ဟာ မိတ်ဆွေတွေ လိုပဲ ဖြစ်ရ မယ်။ အားလုံးဟာ ကိုယ့်လူတွေပဲ ဆိုတာ၊ အားလုံးဟာ ကိုယ့်နိုင်ငံအတွက် ရုန်းကန်ဖို့ အဆင်သင့်ရှိတဲ့ အခြေအနေမှာ ဖြစ်ရမယ်။

အမျိုး သား ရင်ကြားစေ့ရေး ဆိုတာ ဟာ ဘာလဲ ဆို တော့ ဆယ်စုနှစ်ပေါင်း မြောက်မြားစွာ ကွာဟနေ တဲ့ အသင်း အဖွဲ့တွေ ၊ တိုင်းရင်းသား လူမျိုးတွေ၊ အုပ်စုတွေ စုစည်းပြီးတော့ နိုင်ငံ့ အကျိုး အတွက် အတူ ထမ်းဆောင်နိုင်ဖို့ ကိစ္စရပ်သာ ဖြစ်ပါတယ်။
အဲဒီတော့ ဒီ လို လုပ် ဖို့ အတွက် ဆိုရင် ကျွန်မတို့ ပြည်သူတွေ အားလုံးဟာ ရေရှည်အမြင်နဲ့ လုပ်ဖို့ လိုပါ တယ်။ အဲဒီလို ရေရှည်အမြင်နဲ့လုပ်မှ ကျွန်မတို့ အောင်မြင်နိုင်မှာပါ။

မညီညွတ်ခြင်း ရဲ့အကြောင်းရင်း က

ကျွန်မတို့နိုင်ငံ မှာ နိုင်ငံသူနိုင်ငံသားတွေ မ ညီညွတ်ခြင်း ရဲ့ အကြောင်းရင်း ကတော့ ကိုယ့်ကိုယ် ကိုယ် ယုံကြည်မှု မရှိလို့ပဲ။ ကိုယ့်ကိုယ် ကိုယ် ယုံကြည်မှု မရှိလို့၊ မရှိတဲ့ အခါကျတော့ တခြားလူ ကိုယ့်ထက် သာသွားမှာ အင်မတန်မှ စိုးရိမ်ကြတယ်။ ဒီစိတ်ဓာတ်တွေကို ဖျောက် လိုက်ပါ။ လူတိုင်း လူတိုင်းဟာ သူ့တန်ဖိုးနဲ့သူ ရှိပါတယ်။ ပန်းသီးနဲ့ လိမ္မော်သီး ဘယ်ဟာသာတယ်လို့ ပြောမလဲ။ ဒါက ပြောလို့ရတာ မဟုတ် ဘူးလေ။ လိမ္မော်သီး ကြိုက်တဲ့သူ ကလည်း လိမ္မော်သီးပေါ့။ ပန်းသီး ကြိုက်တဲ့သူကတော့ ပန်းသီးပေါ့။ ပန်းသီးက လိမ္မော်သီး ကို မနာလိုလို့ရှိရင် ပန်းသီးပဲ အကျိုးယုတ်မှာပေါ့။ အဲဒီတော့ ကျွန်မတို့ တစ်တွေဟာ မနာလိုတဲ့ စိတ်တွေကို ဖျောက်ဖို့ဆိုတာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိအောင် လို့ ကိုယ့်ကိုယ်ကိုယ် ပြုစုပျိုးထောင်ဖို့ လိုတယ်။

အချိန်ကိုတန်ဖိုးထားခြင်း

အချိန် ကို တန်ဖိုး ထားခြ င်း၊ နောက် တစ်မျိုး ကတော့ အချိန် ကို တန်ဖိုး ရှိအောင် သုံးခြင်း ပါပဲ။ ပျောက်ပျက် သွား တဲ့ စက္ကန့်၊ မိနစ်တွေဟာ ဗလာနတ္ထိ၊ ပြစရာမရှိ မဖြစ်ရအောင်က အရေးကြီး ပါတယ် ။ ဒီထက်ပို အရေးကြီး တာ ကတော့ ပျောက် ကွယ်မြန်တဲ့ အချိန်တွေကို အနုတ်လက္ခဏာ ဆောင်တဲ့ အပြုအမူတွေနဲ့ မဖြုန်း လိုက်ဖို့ပါပဲ။ ကျွန်မတို့ ရဲ့ အနိစ္စလောကကြီး မှာ ဖြစ်ပြီးကိစ္စတွေ မဖြစ်ခဲ့ရင် ကောင်းမှာပဲလို့ တွေးနေ ဆွေးနေမယ်ဆိုရင် ကုက္ကုစ္စ အကုသိုလ် မြောက်ပါတယ်။ ဒါကြောင့် ပစ္စုပ္ပန်နဲ့ အနာဂတ် ကို ရှေးရှုပြီး အကောင်းဆုံး ဖြစ်အောင် လုပ်ကြ ရ မှာပါ။ အခုအချိန် ဟာ ကျွန်မတို့နိုင်ငံ အတွက် တန်ဖိုးရှိအောင် သုံးရမယ့်အချိန် ဖြစ်ပါတယ်။

အတိတ်ကရ ခဲ့တဲ့ ဒဏ်ရာ ဒဏ်ချက် တွေ ပျောက်ကင်း အောင် လုပ်ကြရ င်းနဲ့ အနာဂ တ်အတွက် အာမခံချက် ပေးနိုင်မယ့် ပစ္စုပ္ပန်ကို တည်ဆောက်ရမှာ ဖြစ်ပါတယ်။ ကျွန်မ ခဏ ခဏ ပြောနေတဲ့ အခက်ခဲဆုံး ကာလလို့ ဆိုရမယ့် အဝေးက မြင်နေရတဲ့ ဒီမိုကရေစီ ပန်းတိုင်ကို အရောက်သွားရမယ့် ခရီးနောက်ဆုံး အပိုင်းကို မှန်မှန် ကန်ကန် ကျော်ဖြတ်ဖို့ အထူး အရေးကြီး ပါတယ်…

Leave A Reply

Your email address will not be published.

error: Content is protected !!