Latest Breaking News & Headlines

ဝါဆိုသင်္ကန်းနဲ့ ဝတ္ထုငွေများ အောင်ဇမ္ဗူတောရကျောင်းတိုက်မှာ သွားရောက် လှူဒါန်းခဲ့ကြတဲ့ မအေးသီတာနဲ့ သင်ဇာဝင့်ကျော်…

108

သရုပ်ဆောင်တော်ပြီး အရည်အချင်းရှိတာကြောင့် သင်ဇာဝင့်ကျော်ကတော့ ဗီဒီယိုဇာတ်ကားတွေနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေ မနားတမ်းရိုက်ကူးခဲ့ရတာ ဖြစ်ပါတယ် ။ အခုနောက်ပိုင်းမှာ အရင်ကထက်ပိုပြီး နာမည်ရအောင်မြင်လာတဲ့ သင်ဇာဝင့်ကျော်က ပုရိသတွေကြားမှာ

ရေပန်းစားနေတာ ဖြစ်ပါတယ် ။ သင်ဇာဝင့်ကျော်က အချိုးအစားပြေပြစ်လှတဲ့ ခန္ဓာကိုယ်လေးနဲ့ ဆွဲဆောင်မှုရှိတဲ့အလှတရားတွေကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ် ။ သူမတူတဲ့ အမိုက်စားဖက်ရှင်တွေကို ဝတ်ဆင်လေ့ရှိတဲ့ သင်ဇာက ပရိသတ်တွေကိုရင်ခုန်အောင်

ဖမ်းစားနိုင်တာ ဖြစ်ပါတယ် ။ သင်ဇာက ခေတ်ပေါ်ဖက်ရှင်တွေကို ဝတ်ဆင်လေ့ရှိပေမယ့်လည်း နေရာဒေသနဲ့ လိုက်လျောညီထွေဖြစ်အောင်လည်း ဝတ်စားဆင်ယင်တတ်တာ ဖြစ်ပါတယ် ။ အခုလည်း သင်ဇာက အဖြူရောင်မြန်မာဝတ်စုံလေးကို ဝတ်ဆင်ပြီး

မအေးသီတာတို့နဲ့အတူ အလှူအတန်းတွေသွားရောက်ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ သင်ဇာနဲ့ မအေးသီတာတို့က မှော်ဘီမြို့နယ်ရှိ အောင်ဇမ္ဗူတောရကျောင်းတိုက်မှာ ဝါဆိုသင်္ကန်းဆပ်ကပ်လှူဒါန်းခဲ့ကြတာပဲ ဖြစ်ပါတယ် ။ အမြဲတမ်းလိုလို အတူသွားအတူ

လာလေ့ရှိကြတဲ့ သင်ဇာနဲ့ မအေးသီတာတို့ကတော့ အလှူအတန်းပြုလုပ်တဲ့နေရာမှာလည်း အတွဲညီနေကြတာ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် သင်ဇာဝင့်ကျော်နဲ့ အေးသီတာရဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Leave A Reply

Your email address will not be published.

error: Content is protected !!