NLD(ဗဟို) ဒုတိယဥက္ကဋ္ဌ(၁)၊ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ကိုယ်စားလှယ်လောင်းလျှောက်လွှာ ယနေ့ တင်ပြီ…
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(ဗဟို) ဒုတိယဥက္ကဋ္ဌ(၁)၊ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် ရန်ကုန်အရှေ့ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံ ယနေ့(ဩဂုတ် ၂ ရက်) နံနက်ပိုင်းက သွားရောက်၍ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားပြု ကိုယ်စားလှယ်လောင်းအဖြစ် လျှောက်လွှာတင်ခဲ့ကြောင်း သိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(ဗဟို) ဒုတိယဥက္ကဋ္ဌ(၁)၊ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ၌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် တာမွေမြို့နယ်မှ ဝင်ရောက်အရွေးချယ်ခံမည်ဖြစ်သည်။ ဦးဝင်းမြင့်သည် ၁၉၉၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ၊ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲနှင့် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတို့တွင် ပြည်သူလူထု၏ တခဲနက်ထောက်ခံမှုဖြင့် သုံးကြိမ် အရွေးချယ်ခံထားရသူဖြစ်သည်။