ရွှေမင်းဝံဆရာတော်ကြီးက ရွှေဘိုပြည်သူ့ဆေးရုံကြီးသို့ ကျပ်သိန်း ၂၃၀ ခန့်တန်ဖိုးရှိ ပစ္စည်းများ လှူဒါန်း…
ရန်ကုန် ရွှေမင်းဝံသာသနာ့ရိပ်သာများ၏ ဦးစီး ပဓာန မဟာနာယက၊ မဟာစည် သြဝါဒါစရိယ ပြည်တွင်းပြည်ပသာသနာပြု၊ မဟာကမ္မဌာနာစရိယ၊ အဂ္ဂမဟာကမ္မဌာနာစရိယ၊ အဂ္ဂမဟာသဒ္ဓမဇောတိကဓဇ ရွှေမင်းဝံဆရာတော် ဒေါက်တာ ဘဒ္ဒန္တ သောဘနက ရွှေဘိုပြည်သူ့ဆေးရုံကြီးသို့ စုစုပေါင်း ကျပ် သိန်း ၂၃၀ ခန့်တန်ဖိုးရှိ ပစ္စည်းကိရိယာများနှင့် လမ်းပိုင်းတစ်ခု လှူဒါန်းခဲ့သည်။


တန်ဖိုး ကျပ် ၁၇၅ သိန်းရှိ ကျောက်ကပ်တု သွေးသန့်စင်စက် ၁လုံး၊ တန်ဖိုး ကျပ်သိန်း ၅၀ ရှိ မီးစက်တစ်လုံးနှင့် တန်ဖိုးငွေ ကျပ် ၅သိန်းမျှ ကုန်ကျသော အကျယ် ၅ပေ၊ အရှည် ပေ ၅ဝရှိ လမ်းတစ်ခုတို့ကို ရွှေမင်းဝံဆရာတော် ဒေါက်တာ ဘဒ္ဒန္တသောဘန က ရွှေဘိုပြည်သူ့ဆေးရုံကြီးသို့ လှူဒါန်းခဲ့ခြင်းဖြစ်ပြီး အဆိုပါ လှူဒါန်းခြင်းအခမ်းအနားကို ယမန်နေ့က ရွှေဘိုပြည်သူ့ဆေးရုံကြီးတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။