Latest Breaking News & Headlines

အမိုက်စားဆိုင်ကယ်ကြီးတွေကိုယ်စီနဲ့ ရှမ်းပြည်နယ်အနှံ့ကို ခရီးဆန့်နေကြတဲ့ မင်းမော်ကွန်း၊ ကျော်ကျော်ဗိုနဲ့ ထွန်းထွန်း…

191

ပရိသတ်တွေချစ်ကြတဲ့ မင်းသားချောတွေဖြစ်ကြတဲ့ မင်းမော်ကွန်း၊ ကျော်ကျော်ဗိုနဲ့ ထွန်းထွန်းတို့က အကယ်ဒမီဆုတစ်ဆုစီနဲ့ အောင်မြင်မှုရရှိနေကြသူတွေပဲ ဖြစ်ပါတယ်။ မင်းမော်ကွန်း၊ ကျော်ကျော်ဗိုနဲ့ ထွန်းထွန်းတို့က နှင်းဆီအဖွဲ့ရဲ့ ပင်တိုင်လူရွှင်တော်တွေဖြစ်ကြသလို အပြင်မှာလည်း ရုပ်ရှင်ဇာတ်ကားတွေ အတူတူ တွဲဖက်ရိုက်ကူးကြတဲ့ မင်းသားတွေပဲ ဖြစ်ပါတယ်။

ပရိသတ်တွေကလည်း ညီအစ်ကိုတွေလို တပူးပူးတတွဲတွဲရှိကြတဲ့ မင်းမော်ကွန်း၊ ကျော်ကျော်ဗိုနဲ့ ထွန်းထွန်းတို့က အခုချိန်ထိတိုင် စွဲစွဲမြဲမြဲအားပေးကြတာကို တွေ့ရပါတယ်။

လက်ရှိမှာတော့ မင်းမော်ကွန်း၊ ကျော်ကျော်ဗိုနဲ့ ထွန်းထွန်းတို့ သုံးယောက်စလုံးက မြန်မာနိုင်ငံရဲ့ အရှေ့ဘက်အခြမ်းဖြစ်တဲ့ ရှမ်းပြည်နယ်ကို ရောက်ရှိနေတာပဲ ဖြစ်ပါတယ်။ မင်းမော်ကွန်း၊ ကျော်ကျော်ဗိုနဲ့ ထွန်းထွန်းတို့က ဆိုင်ကယ်ကြီးတွေကိုယ်စီနဲ့ ရှမ်းပြည်နယ်အနှံ့ကို ခရီးဆန့်နေကြတာဖြစ်ပြီး ရိုက်ကူးရေးအစီအစဉ်တစ်ခုကိုလည်း ဒါရိုက်တာကိုပေါက်နဲ့အတူတူ လုပ်ကိုင်နေကြတာပဲ ဖြစ်ပါတယ်။

ကျော်ကျော်ဗို၊ မင်းမော်ကွန်းနဲ့ ထွန်းထွန်းတို့က အမိုက်စားဆိုင်ကယ်ကြီးတွေနဲ့ အရမ်းကို မိမိုက်ပြီး အထာကျနေတာပဲနော်။ ပရိသတ်ကြီးလည်း မင်းမော်ကွန်း၊ ကျော်ကျော်ဗိုနဲ့ ထွန်းထွန်းတို့ရဲ့ ပုံရိပ်တွေကိုကြည့်ပြီး ခရီးသွားချင်စိတ်တွေဖြစ်နေကြမယ် ထင်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Leave A Reply

Your email address will not be published.

error: Content is protected !!