Latest Breaking News & Headlines

၂၀၀၀ ခုနှစ် က မှော်ဘီ မှာ ဝယ်ထား တဲ့ ခြံကြောင့် မိန်းမ က ထိုင်ငို ရ တဲ့ အဖြစ် ကို ပြောပြခဲ့တဲ့ ခင်လှိုင်…

97

ပရိတ်သတ်ကြီးရေ ဟာသသရုပ်ဆောင် ခင်လှိုင် ကတော့ လက်ရှိမှာ အောင်မြင်တဲ့ အနုပညာလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းနေသူပါ။ သားနဲ့ သမီးကိုလည်း အနုပညာအမွေ လက်ဆင့်ပေးကမ်းပြီး အနုပညာမျိုးဆက် အဖြစ် ပရိတ်သတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ရရှိထားတဲ့ မိသားစုလည်း ဖြစ်ပါတယ်။

ဦးခင်လှိုင်ကတော့ မောင်နှမများနဲ့ အတူ မန္တလေးမှာ အညာမြေ စားဖွယ်စုံ စားသောက်ဆိုင်ကြီးကို အောင်အောင်မြင်မြင်ဖွင့်လှစ်နိုင်ခဲ့ပြီး နောက်ထပ်လည်း စီးပွားရေး လုပ်ငန်းများကို ချဲ့ထွင်နိုင်ဖို့ ကြိုးစားနေသူပါ။ ၂၀၀၀ ခုနှစ်များဆီက အကြွေးပေးပြီး ဝိုင်းဝယ်ဖို့အတွက် ကြိုးစားခဲ့ရတဲ့အကြောင်းကို အခုလိုပဲ မီဒီယာမှာ ဖြေဆို ခဲ့ပါတယ်။

ဦးခင်လှိုင် ဖြေဆိုခဲ့တာကတော့ ” ၂၀၀၀ ခုနှစ်က မှော်ဘီမှာ ခြံဝယ်ဖို့ ကူညီပေးခဲ့တာက အဲ့ဒီခြံရဲ့ မူလပိုင်ရှင် ကိုဝင်းထွဋ်ဆိုတဲ့ သူ ကူညီပေးခဲ့တာပါ။ ကိုဝင်းထွဋ်နဲ့က အရမ်းရင်းနီးတော့ သူ့ခြံကို လိုက်ကြည့်ပါလား ဆိုပြီး လိုက်ကြည့်တာ ..မြသီတာဥယျာဉ်ဆိုတာထဲကို ဝင်သွားတော့ ကျွဲကောသီးတွေကို ဒေါက်တွေထောက်ပြီး စိုက်ထားတာ မြင်မကောင်းဘူး။

ကျွန်တော်က အဲ့လို စိုက်ချင်တာလည်း ပြောရော ကိုဝင်းထွဋ်က စိုက်ချင် ရင် ကျွန်တော့်ခြံရှိတာပဲ ဝယ်လိုက်လေတဲ့.. ဒါနဲ့ အဲ့ခေတ်က တန်ကြေးတစ်ခုနဲ့ ဝယ်လိုက်တယ်ပေါ့။ စရန်ငွေ ၂ သိန်းပေးပြီး ဝယ်လိုက်တယ်။ အဲ့ခေတ်က ၂ သိန်းဆိုတာလည်း မနည်းဘူးလေ။ အဲ့ခြံစာချုပ်ရဲ့ နောက်တွေရော ရှေ့တွေရော ပွစာတက်နေတာ …၅ သောင်းပေးလိုက် လက်မှတ်ထိုးလိုက် ၁ သိန်းပေးလိုက် လက်မှတ်ထိုးလိုက်နဲ့ တွေ့ရရင် တကယ့်ကို ရယ်စရာကောင်းတယ်။ အရစ်ကျနဲ့ ဝယ်ခဲ့ရတာပေါ့.. အဲ့လို အကြွေးရောင်းပေးခဲ့တဲ့ ခြံပိုင်ရှင် ကိုဝင်းထွဋ်ကိုလည်း ကျေးဇူးတင်ပါတယ်။

အဲ့ခြံနားမှာ ဂျိုးဖြူရေပိုက်ကြီးတွေရှိတယ်။ မိန်းမကိုတော့ ဝယ် လာလာချင်းပဲ အဲ့ဂျိုးဖြူပိုက်ကြီးတွေနားမှာ လျှောက်ပြတာ.. မိန်းမရေ ကြည့်စမ်း အဲ့ဒါ ငါ့ခြံပဲလို့ ပြောတော့ မိန်းမက ထိုင်ငိုတယ်။ ဒီတောကြီးကို ဘာလို့ ဝယ်လာတာလဲ ဆိုပြီး ။ ၂၀၀၀ ခုနှစ် ကားတစ်စီးကို ၈ သိန်းနဲ့ ဝယ်လို့ရတဲ့ ခေတ်မှာ အဲ့ခြံကို ဝယ်လာတော့ ငိုတာပေါ့နော်။ ” ဆိုကာ အကြွေးနဲ့ ခြစ်ကုတ်ပြီး ဝယ်ခဲ့ရတဲ့ မှော်ဘီခြံလေးရဲ့ အမှတ်တရ အဖြစ်အပျက်လေးကို ပြောပြခဲ့တာ ဖြစ်ပါတယ်။

ဆက်လက်ပြီး ဦးခင်လှိုင်ကတော့ မှော်ဘီခြံလေးမှာ စားသောက်ဆိုင် လေးဖွင့်ဖို့အတွက် ရည်ရွယ်ထားတဲ့အကြောင်းကိုလည်း ပြောပြခဲ့ပါတယ်။ ပရိတ်သတ်ကြီးရေ အခုဖော်ပြခဲ့တာကတော့ ဦးခင်လှိုင်ရဲ့ ခြံဝယ်ရင်း ကြုံရတဲ့ အမှတ်တရလေးပဲ ဖြစ်ပါတယ်…

Leave A Reply

Your email address will not be published.

error: Content is protected !!