မိုမိုက်ပြီး အထာ ကျကျ ဂေါ်လွန်းနေ တဲ့ ပက်ထရစ်ရှာ…
မော်ဒယ်၊ သရုပ်ဆောင် မင်းသမီးချောလေး ပက်ထရစ်ရှာ ကတော့ အရုပ်မလေးလို ချစ်စရာကောင်းတဲ့မျက်နှာလှလှလေးကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ နိုင်ငံခြားသူလေးလို ဘိုဆန်ဆန်လှနေတဲ့ ပက်ထရစ်ရှာက ပရိသတ်တွေအသည်းခိုက်အောင် ကြွေနေရတဲ့ မိန်းမလှလေးဆိုရင်လည်း မမှားပါဘူးနော်။ ဒါ့အပြင် ပက်ထရစ်ရှာက အမြဲလိုလို အမိုက်စားဖက်ရှင်တွေနဲ့ ခေတ်ဆန်ဆန်လေး လှနေတတ်တာလည်း ဖြစ်ပါတယ်။


ခေတ်နဲ့အညီ လိုက်လျောညီထွေစွာ ဝတ်စားဆင် ယင်တတ်တဲ့ ရှာရှာက လူငယ်ဆန်ဆန် ပေါ့ပေါ့ပါးပါးဖက်ရှင်လေးတွေနဲ့ အမြဲတမ်းအထာကျနေတတ်သူ ဖြစ်ပါတယ်။သူမကတော့ မော်ဒယ်တစ်ယောက် ပီပီ မိန်းကလေးတိုင်းအားကျရတဲ့ အချိုးအစားပြေပြစ်ပြီး လှပတဲ့ခန္ဓာကိုယ် အလှကို ပိုင်ဆိုင်ထားသူပဲ ဖြစ်ပါတယ်။


ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာ ရရှိထားတဲ့ သူမကတော့ ယခုမှာ အနှပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်နေပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေကိုလဲ ရိုက်ကူးလျက်ရှိနေတာပဲ ဖြစ်ပါတယ်။


ရှာရှာကတော့ သူမရဲ့ အနုပညာလှုပ်ရှားမှုပုံရိပ်တွေ နဲ့ အမိုက်စား အလှပုံလေးတွေကို သူရဲ့ instagram အကောင့်မှာ အများဆုံးဖော်ပြလေ့ရှိတာတွေ့ရပါတယ်။လတ်တလော မှာလည်း ယိုးဒယားမင်းသမီးလားထင်မှတ်ရလောက်အောင် ကြည့်မိသူတိုင်းရင်ခုန်စွဲမက်ချင်စရာကောင်းတဲ့ ဆွဲဆောင်မှုရှိရှိ ပုံလေးကိုဖော်ပြထားတာကြောင့် ချစ်ပ ရိသတ်ကြီးတွက် မျှဝေပေးလိုက်ပါတယ်။