ကိုဗစ် LOCKDOWN ကြောင့် အရက်ဆိုင် များ ပိတ် ထားသော အိန္ဒိယတွင် လက်သန့်စင် ဆေးရည်သောက်ပြီး လူ (၁၀) ဦး သေဆုံး…
အိန္ဒိယ တောင်ပိုင်း မှာ COVID-19 ကူး စက်မှု ထိန်းချုပ်ရေး lockdown အစီအမံအရ အရက် အရောင်းဆိုင်များ ပိတ်ထားခဲ့ရာ မှ အရက် ( အယ်လ်ကိုဟော ) ပါဝင် တဲ့ လက်သန့်စင် ဆေး ရည် သောက် သုံးပြီး နောက် အမျိုးသား (၁၀) ဦး ယနေ့ ( ဇူလိုင် ၃၁ ရက် ) သေဆုံး ခဲ့ကြောင်း ရဲတပ်ဖွဲ့ က ပြော ပါ တယ် ။

အင်ဒရာ ပရာဒက်ရှ်ပြည်နယ် Kurichedu မြို့ မှာ လက်သန့်စင်ဆေးရည် သောက်ပြီး သေဆုံးမှုတွေ ဖြစ်ပွားခဲ့တာ ဖြစ် ပါတယ် ။ အိန္ဒိယ မှာ COVID-19 နေ့ အလိုက် ကူးစက်မှုများ စံချိန် တင်မြင့်တက် ခဲ့ပြီး လက်ရှိ မှာ ကူးစက်ခံရသူ စုစုပေါင်း ၁.၆ သန်းကျော်ရှိပြီလို့ သိရပါတယ်။
“တချို့လူတွေက အရက် အလွန် အကျွံ စွဲနေကြပြီး အရက်မူး ဖို့အတွက် လက်သန့်စင် ဆေးရည်တွေ သောက်ခဲ့ကြ တယ် ၊ lockdown လုပ် ထားတော့ အရက်က ဝယ်လို့မရဘူးလေ၊ ဒါပေမဲ့ လက်သန့်စင်ဆေးရည်ကတော့ အလွယ်တကူ ဝယ်လို့ ရနေတယ်” လို့ Kurichedu မြို့ တည်ရှိရာခရိုင်မှ အကြီးတန်း ရဲအရာရှိ Siddharth Kaushal က Reuters သတင်းဌာန ကို ပြော ပါတယ်။

လက် သန့်စင်ဆေးရည် သောက် ခဲ့တဲ့ အခြား လူတွေကတော့ ကုသမှု ခံယူပြီး ဆေးရုံမှဆင်း ခဲ့ပြီလို့ ရဲအရာရှိက ဆိုပါတယ်။ လက်သန့်စင်ဆေးရည်သောက်ပြီး သေဆုံးခဲ့သူတွေ အနက် အချို့ဟာ နဂိုရောဂါအခံရှိ သူတွေ ဖြစ်ကြောင်း လည်း Siddharth Kaushal က ဖြည့်စွက်ပြောပါတယ်။ အိန္ဒိယဗဟိုအစိုးရက ဘဏ္ဍာရေး အကျပ်အတည်း လျော့ပါးစေရန် စီးပွားရေးလုပ်ငန်း အများစုကို ပြန်လည် ဖွင့်လှစ် လုပ်ကိုင်ခွင့်ပြုခဲ့ ပါတယ်။
အင်ဒရာပရာဒက်ရှ် အပါ အဝင် ပြည်နယ်အများ အပြားမှာတော့ ကူးစက်မှု တွေ မြင့်တက်နေခဲ့ရာ lockdown အစီအမံများ သတ်မှတ်ဆောင်ရွက်ထား ဆဲ ဖြစ် ပါတယ်။ Kurichedu မြို့ဟာလည်း ထိုသို့ lockdown အစီအမံများ တင်းကျပ်စွာ သတ်မှတ်ဆောင်ရွက် ထားတဲ့ မြို့ဖြ စ်ပါတယ်။

အိန္ဒိယနိုင်ငံတစ်ဝန်းမှာ ပြီးခဲ့တဲ့ ၂၄ နာရီ အတွင်း COVID-19 ကူးစက် ခံရသူ ၅၅,၀၇၈ ဦးနဲ့ သေဆုံးသူ ၇၇၉ ဦး တိုးလာခဲ့ကြောင်း ကျန်းမာရေးနဲ့ မိသားစုရေးရာ ဝန်ကြီးဌာနရဲ့ ဝက်ဘ်ဆိုက်မှာ ယနေ့ ပြောထား ပါတယ်။ အိန္ဒိယ မှာ လက်ရှိအချိန် အထိ ကူးစက်ခံရသူ ၁.၆ သန်းကျော် ၊ သေဆုံးသူ ၃၅,၀၀၀ ကျော် ရှိခဲ့ပါတယ်။ ကျန်းမာရေး နဲ့ မိသားစုရေးရာ ဝန်ကြီး ဌာနက COVID-19 စစ်ဆေးမှုတွေကို တစ်ရက် လျှင် ၁ သန်း တိုးမြှင့်လုပ်ဆောင်သွား ရန် ရည်မှန်းထားကြောင်း လည်း သိရ ပါတယ်။