တက္ကသိုလ် ဝင်တန်း မှာ ကျရှုံးခဲ့ပေမယ့် တက် လို့ ရတဲ့ မြန်မာပြည် က တက္ကသိုလ်များ…
တက္ကသိုလ်ဝင်တန်း မှာ ကျရှုံးခဲ့ပေမယ့် သတ်မှတ် စံနှုန်းတွေနဲ့ ကိုက်ညီတဲ့ ကျောင်းသားတွေ ကို အခြေခံပညာ အထက်တန်းဆင့် ပြီးမြောက်ကြောင်း လက်မှတ် (High School Completion Certificate) ထုတ်ပေးသွား မှာဖြစ်ပြီး အဲဒီလက်မှတ် နဲ့ ပညာရေး တက္ကသိုလ် နဲ့ အသက်မွေးဝမ်းကျောင်းဆိုင် ရာ တက္ကသိုလ်တွေ မှာ ဆက်လက် ပညာသင်ယူခွင့်ရမှာဖြစ် တယ်လို့ အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြား ရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်းက ပြောပါတယ်။

ကျောင်းတွေမှာ ဖွဲ့စည်းထားတဲ့ အရည်အသွေး စိစစ်ရေး အဖွဲ့တွေက ကျောင်းခေါ်ကြိမ် ပြည့်မီမှု၊ ဘာသာရပ်အလိုက်တတ်မြောက်မှု၊ စာပေအနုပညာလုပ်ငန်းတွေမှာ ပါဝင်မှု၊ ကျောင်းစည်းကမ်းလိုက်နာမှု၊ ကျောင်းကောင်စီအသင်းအဖွဲ့တွေ မှာ ပါဝင်ဆောင် ရွက်မှု စတဲ့ ကဏ္ဍ (၇) ရပ်အပေါ်မှာ အခြေခံပြီး “အခြေခံပညာအထက်တန်းဆင့် ပြီးမြောက် ကြောင်း လက်မှတ်” (High School Completion Certificate) ကိုအကဲဖြတ် ပေးအပ်သွား မှာ ဖြစ်တယ် လို့ သိရပါတယ်။
နှစ်စဉ် တက္ကသိုလ်ဝင် စာမေးပွဲ ကို ဖြေဆိုတဲ့အခါ ရာခိုင်နှုန်းအားဖြင့် ၃၀% ဝန်းကျင် စာမေးပွဲအောင်မြင်ကြပြီး တက္ကသိုလ်ပညာကို ဆက်လက်သင်ယူခွင့် ရရှိခဲ့ပါတယ်။ ကျန် မအောင်တဲ့ ၇၀% အတွက် တောက်လျောက် မစဉ်းစား ခဲ့တဲ့ အတွက် အားလုံးဟာ ပညာရေးလမ်းဆုံး ခဲ့ရပါတယ်။ အဲ့တာကို မဖြစ်အောင်ဆိုပြီးတော့ တက္ကသိုလ်ဝင်စာမေးပွဲ မအောင်မြင်သူ Completion Certificate ရရှိထားသူတွေ က တက္ကသိုလ် ကို တိုက်ရိုက် တက်ရောက်ခွင့်မရှိသော်လည်း Undergraduate Diploma တွေလို၊ အသက်မွေးဝမ်းကြောင်း ဒီပလိုမာလို သင်တန်းမျိူးတွေ တက်ခွင့်ရအောင် အသိအမှတ်ပြုနိုင် တဲ့ လက်မှတ် တစ်ခုအေ နနဲ့ ပေးမှာဖြစ် ပါတယ်။

ဥပမာ – ဂျီတီအိုင် လိုဟာမျိူး၊ စိုက်ပျိူးရေးသိပ္ပံ လိုဟာ မျိူး၊ ဆရာအတက်သင် ပညာရေးကောလိပ် လို၊ နောက်အခြားဝန်ကြီးဌာနမှာရှိတဲ့ အသက်မွေးဝမ်းကြောင်းလုပ်ငန်းလေးတွေနဲ့ ဆိုင်တဲ့ ဒီပလိုမာလေးတွေ ရှိတယ်။ အဲ့ဒီ ဒီပလိုမာလေးတွေကို ဒီလက်မှတ်နဲ့သွားပြီး တက်ရောက်ခွင့် ရအောင် ပညာရေးဝန်ကြီးဌာနက ကြိုးစားချိတ်ဆက်ဆောင်ရွက်နေပါတယ်။ ဆယ်တန်းစာမေးပွဲကို မအောင်သော်ငြားလည်း ဒီ Completion Certificate ရထားတဲ့ကျောင်းသားတစ်ယောက် ဟာ ဥပမာအားဖြင့် ဂျီတီအိုင် လိုဟာမျိူး တက်လိုက်တယ်။

ဂျီတီအိုင်မှာတက်ပြီး သူကထူးချွန်သွား တယ် ဆိုရင် ဂျီတီအိုင် ကနေမှတစ်ဆင့် နည်းပညာတက္ကသိုလ်လိုဟာမျိူးကိုပေါင်းကူးပြီးတော့သင်ယူခွင့်ရမယ်။ နည်းပညာတက္ကသိုလ် တက်ခွင့်ရပြီဆိုရင်သူက GTI ဆင်းကနေ ပြီးတော့ B.Tech တို့ B.E ဘွဲ့တို့ရမယ်။ B.E ဘွဲ့ရပြီဆိုရင် ရှေ့ဆက်သွားရင်M.E တို့ Ph.Dတို့ကိုဆက်ပြီးတော့သွားနိုင်တာပေါ့။

နောက်တစ်ခုက အလုပ်အကိုင် အခွင့်အလမ်းပေါ့။ အရင်တုန်းက အောက်ခြေဝန်ထမ်းတွေမှာဆိုရင် ဒဿမတန်းအောင်ရမည်။ တက္ကသိုလ်ဝင်တန်းအောင်ရမည် ဆိုတဲ့အစား ဒီလက်မှတ်နဲ့လည်း ဝင်ရောက်ယှဉ်ပြိုင် အရွေးခံခွင့် ရအောင် ပညာရေးဝန်ကြီးဌာနက အခြားဌာနအားလုံးနဲ့ ညှိနှိုင်းသွားဖို့ရှိပါတယ်။ ဆိုလိုတာကတော့ ဒီအထက်တန်းပြီးဆုံးကြောင်း လက်မှတ်သည် သာမန် လက်မှတ် မဟုတ်ဘဲနဲ့ အဓိပ္ပါယ် ရှိ တယ်ပေါ့။ Meaningful Certificate ဖြစ်အောင် နောက်ပြီး တန်ဖိုး ရှိတဲ့ Valuable Certificate ဖြစ်အောင်ပညာရေးဝန်ကြီးဌာနက စီစဉ်ဆောင်ရွက်နေပါတယ်။