Latest Breaking News & Headlines

မကွေးမြသလွန်ဘုရားအဆင်းလမ်းတွင်ကားတစီးဧရာဝတီမြစ်ထဲထိုးကျ…

104

၁.၈.၂၀၂၀ ရက်နေ့၊ ၀၄ ၃၀ အချိန်ခန့်၊ မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ နံကပ်ကျွန်းကျေးရွာအုပ်စု၊ ကျွန်းစုကျေးရွာ၊ မြသလွန်ဘုရားပွဲကျင်းပသည့်ကွင်း၊

ဧရာဝတီမြစ်ကမ်းအနီးတွင် FORD အမျိုးအစား (အဖြူရောင်) ယာဉ်(၁)စီးသည် မြသလွန်ဘုရားဦးတိုက်၍ အဆင်းလမ်းအတိုင်းမောင်းနှင်လာပြီး ခေတ္တရပ်နားစဉ် Hand Brake မဆွဲမိသဖြင့်

ကုန်းဆင်းမှ လမ်းဝဲဘက်ရှိ တာရိုးပေါ်မှတဆင့် ဧရာဝတီမြစ်အတွင်း ရေအနက်(၁၀)ပေခန့် ကမ်းစပ်သို့ ထိုးကျသွားကြောင်း သတင်းရရှိသဖြင့်

မကွေးတိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ဦးဆောင်၍ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ Heavy Lifting and Rescue Vehicle (၁)စီး၊ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ Assault Boat(၂)စီး၊ အုပ်ချုပ်မှုယာဉ်(၁)စီး၊ သူနာတင်ယာဉ်(၂)စီးတို့ဖြင့် သွားရောက်၍

မြစ်ထဲသို့ ထိုးကျသွားသော ယာဉ်အား Heavy Lifting and Rescue Vehicle ယာဉ်ပါ ကရိန်းဖြင့် ဘေးလွတ်ကင်းရာ လမ်းပေါ်သို့ ကူညီဆွဲတင်ပေးခဲ့ပါသည်။ အဆိုပါ ဖြစ်စဉ်ကြောင့် လူ/တိရစ္ဆာန် ထိခိုက်ဒဏ်ရာ/သေဆုံးမှု မရှိပါ။

Leave A Reply

Your email address will not be published.

error: Content is protected !!