မကြာခင်မှာ ဝင်းဦးပုစံနဲ့ မြင်တွေ့ရတော့မဲ့ နေတိုး…
နေတိုးကတော့ မြန်မာနိုင်ငံတွင် လူကြိုက်အများဆုံး မင်းသားတယောက်ဖြစ်ပါတယ်…။ မြန်မာနိုင်ငံမှာရှိတဲ့ ပရိတ်သတ် အများဆုံး ပိုင်ဆိုင်ထားသူလဲ ဖြစ်ပါတယ်…

Body weight တက်လာခြင်းအပေါ် မင်းသားကြီး ဦးဝင်းဦးက နေတိုးကို ဝေဖန်ထောက်ပြနေတာကိုဆင်ခြေများပေးပြီး ပြန်လည်တုန့်ပြန်ပြောဆိုထားသော video ဖြစ်ပါတယ်…

ဒီvideo လေးဖြစ်လာဖို့ body weightတက်နေတဲ့ နေတိုးက အစားအသောက်၊အားကစားနဲ့ပါ အရင်ပုံစံ ပြန်ဖြစ်ဖို့အတွက် ၄၅ ရက်ကြာ အချိန်ယူခဲ့ပါတယ်လို့ သိရပါတယ်…
ဒီvideoမှာ မင်းသားနေတိုး ဝါသနာပါသော special make up ပညာနဲ့ အသံတုပညာတွေ အသုံးပြုထားတာဖြစ်ပြီး…

Video အမျိုးအစားကတော့ အခုခေတ်စားနေတဲ့ video အမျိုးအစားထဲမှ တခုခုဖြစ်နိုင်ပြီး video ကြာချိန်ကတော့ ၁ မိနစ်ခန့်လောက် ကြာမှာ ဖြစ်ပါတယ်…

ဒီvideoလေးကို မနက်ဖြန် ညနေ၆နာရီမှာ nay toe ရဲ့ fb မှာ ကြည့်ရှူနိုင်မှာ ဖြစ်ပါတယ်…