Latest Breaking News & Headlines

ညောင်ဦးမြို့နယ်တွင် ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ်အထက် ကျော်လွန်နေ…

137

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်တွင် ယနေ့(ဇူလှိုင် ၃၀) နံနက် ၆ နာရီခွဲအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေမှတ်သည် ၂၁၄၈ စင်တီမီတာသို့ရောက်ရှိနေကာ ညောင်ဦးမြို့၏ စိုးရိမ်ရေမှတ် ၂၁၂၀ စင်တီမီတာအထက်သို့ (၂၈) စင်တီမီတာ ကျော်လွန်လျက်ရှိကြောင်း ညောင်ဦးမြို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

အဆိုပါဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ်အခြေအနေများကြောင့် ညောင်ဦးခရိုင် မီးသတ်ဦးစီးဌာနမှ ခရိုင်မီးသတ်ဦးစီးမှူး ဦးထက်အောင်ဦးဆောင်ကာ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူနှင့် မီးသတ်ဝန်ထမ်းများမှ ညောင်ဦးမြို့ အနိမ့်ပိုင်းရေဝင်ရပ်ကွက်များနှင့် ရေတက်လာခြင်းကြောင့်

ရွှေ့ပြောင်းရသည့် အိမ်ထောင်စုများအား ရွှေ့ပြောင်းပေးခြင်း၊ မြစ်ရေတက်မှုအခြေအနေများအား စပိဘုတ်ဖြင့် မြစ်ကမ်းတစ်လျောက်နှင့် မြစ်ရေဝင်ရောက်လျှက်ရှိသည့် ရေဝင်အနိမ့်ပိုင်းရပ်ကွက်များအား Hand Speaker ဖြင့် မြစ်ရေသတိပေးချက်များ လိုက်လံအသိပေးနှိုးဆော်လျှက်ရှိသည်။

Leave A Reply

Your email address will not be published.

error: Content is protected !!