Latest Breaking News & Headlines

အောင်မြင်သူတို့ရဲ့ ဘဝမှာအမြဲအောင်မြင်နေရခြင်းအကြောင်းပြချက် …

65

ဘာဖြစ်လို့ ဥရောပနိုင်ငံသားတွေက အမြဲတမ်း ရှေ့ပြေးနေရနေတာလဲ၊တကယ်လို့ သင် သြစတေးလျကိုသွားဖူးရင် သိပါလိမ့်မယ်၊ ဘတ်စကားစီးတာ၊ မော်တော်ဘုတ်စီးတာတွေမှာ လက်မှတ်စစ်မရှိဘူး၊ စာရိတ္တက နိုင်ငံရဲ့ အဓိက အုတ်မြစ်ပဲ၊

ဖြစ်ရပ်မှန်လေးတစ်ခုရှိခဲ့တယ်၊လွန်ခဲ့တဲ့ ၁၂နှစ်လောက်တုန်းက လူငယ်တစ်ယောက်၊ ဘွဲ့ရပြီးတာနဲ့ ပြင်သစ်ကိုသွားပြီး အလုပ်တစ်ဖက်၊ ကျောင်းတစ်ဖက်နဲ့ ကျောင်းဆက်တက်တယ်၊ သူ သတိထားမ ိလိုက်တာက အဲဒီမှာ ဘယ်သွားသွား လက်မှတ်က ကိုယ့်ဖာသာ ကိုယ်ငွေထည့်ပြီး ကိုယ့်ဖာသာကိုယ် ဘူဖေးစနစ်နဲ့ ဝယ်ရတာ၊ ဘယ်သွားချင်လဲ၊ သွားချင်တဲ့နေရာအတွက်ရည်ရွယ်.. ပိုက်ဆံချေပြီး ကိုယ့်ကိုယ်လက်မှတ်ဝယ်၊ ဂိတ်တွေမှာလည်း တံခါးမရှိဘူး၊ လက်မှတ်စစ်ဖို့ အစောင့်မရှိဘူး၊ ရှောင်တခင် လက်မှတ်စစ်တယ်ဆိုတာ အရမ်းရှားတယ်၊

သူက ဒါကို အကွက်လို့မြင်ပြီး ကိုယ့်ကိုယ်ကို ဉာဏ်ကောင်းတယ်ပေါ့၊ လက်မှတ်စစ်လို့ မိနိုင်ခြေက ပြင်သစ်လူမျိုး အယောက်သိန်းသန်းနဲ့ချီမှ သူတစ်ယောက်တည်းရှိတယ်ပေ့ါ၊ အဲဒီအတွက် သူ့ကိုယ်သူ ဂုဏ်ယူပြီး နောက်ပိုင်း ဘယ်သွားသွား ဘာလက်မှတ်မှ မဝယ်တော့ဘူး၊ ကိုယ့်ကိုယ်ကို “ အော်.. ငါကအခုမှ အလုပ်အတည်တကျမရှိသေးတဲ့ ကျောင်းသားလေးပဲဟာ .. ချွေတာနိုင်သလောက် ချွေတာမှ ဖြစ်မှာပါလေ” ဆိုပြီး ဒီလိုအကြောင်းပြချက်လေး ပေးတယ်၊

ဒီလိုနဲ့ လေးနှစ်ကုန်ဆုံးသွားတယ်၊နာမည်ကြီး တက္ကသိုလ်တစ်ခုကနေ ရွှေစာလုံးနဲ့ ထူးချွန်အောင်မြင်တဲ့ ကျောင်းသားတစ်ယောက်ဖြစ်ရတဲ့အတွက် သူ့ကိုယ်သူ အရမ်းဂုဏ်ယူတယ်၊ ဒါနဲ့ နာမည်ကြီး ပြင်သစ်ကုမ္ပဏီတွေမှာယုံကြည်ချက်အပြည့်နဲ့ သူ အလုပ်သွားလျှောက်တယ်၊ဒါပေမယ့် အဲဒီကုမ္ပဏီတွေက အစပိုင်းမှာတော့ သူ့ကိုလှိုက်လှိုက်လှဲလှဲနဲ့ ဖိတ်ခေါ် အင်တာဗျူးပြီး နောက်ပိုင်း အင်တာဗျူးအားလုံး မအောင်ခဲ့ဘူး၊ ဒီ့အတွက် သူ့စိတ်ထဲမှာ တော်တော်လေး မကျေမချမ်းဖြစ်ခဲ့တယ်၊ဒါနဲ့ နောက်ဆုံး ကုမ္ပဏီတစ်ခုမှာသူ အင်တာဗျူးကျမှန်းသိသွားတော့ ရုံးခန်းထဲ ဇွတ်အတင်းဝင်သွားပြီး အင်တာဗျူးလူကြီးတွေကိုမေးလိုက်တယ်၊ “ သူက နိုင်ငံခြားသားတစ်ယောက်ဖြစ်နေလို့ သူ့ကိုနှိမ်ရတာလာ၊ အထင်သေးတာလားတဲ့

သူလက်ခံနိုင်တဲ့ အကြောင်းပြချက်တစ်ခုပေးပါလို့” မေးလိုက်တယ်၊ဇတ်သိမ်းမှာ သူလုံးဝ မျှော်လင့်မထားတဲ့အဖြေတစ်ခုက သူ့နားပင် သူမယုံနိုင်လောက်အောင် ခေါင်းကြီးသွားခဲ့တယ် ..“မစ္စတာ၊ ကျနော်တို့ ခင်ဗျားကို အထင်မသေးပါဘူး၊ ဒါ့အပြင် အထင်တောင်ကြီးသေးပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ ကုမ္ပဏီက အခုထက်ထိ ကြီးသတဲ့ကြီးအောင် ကြိုးစားဆဲဖြစ်လို့၊ ခင်ဗျားတို့လို လူတော်လူမော်တွေကို အရမ်းကိုလိုအပ်လျက်ရှိပါတယ်၊ ဒါ့ကြောင့် ခင်ဗျား ဒီအခန်းထဲစစဝင်လာပြီး ကျနော်တို့နဲ့အင်တာဗျူးတာနဲ့ ခင်ဗျားရဲ့ ပညာရေးနဲ့ အရည်အချင်းကို အင်မတန်မှသဘောကျခဲ့တယ်၊ အမှန်အတိုင်းပြောရင်၊ ကုမ္ပဏီဘက်ကကြည့်ရင် ခင်ဗျားဟာ ကျနော်တို့ရှာနေတဲ့လူတော်တစ်ဦးပါ”

“ ဒါဖြင့် ဘာဖြစ်လို့ ကျနော့်လို လူတော်ကို ခင်ဗျားတို့ကုမ္ပဏီအတွက် အသုံးမချလိုက်တာလဲ ” ထိုသူပြန်မေးလိုက်သည်၊“ ဘာဖြစ်လို့လဲဆိုတော့ ခင်ဗျားရဲ့ သမိုင်းကို ပြန်ကြည့်တာ၊ ခင်ဗျားcredit card ထဲကနေ လက်မှတ်စစ်တဲ့အခါ လက်မှတ်မပြနိုင်တဲ့အတွက် သုံးကြိမ်တိတိ ငွေဒဏ်ရိုက်ထားတာ တွေ့ ရှိရလို့ ဖြစ်တယ် ”“ ကျနော် ဒီအကြောင်းပြချက်ကို လက်မခံနိုင်ဘူး.. ဒီကိစ္စလေးအတွက် နာမည်ကြီးကျောင်းတစ်ခုက ဘွဲ့ရပညာတတ်တစ်ယောက်ကို ငြင်းပယ်ရဲတယ်ဆိုတာ ကျနော်မယုံဘူး ”

“ ကိစ္စလေး… ဟုတ်လား၊ ကျနော်တို့က ဒါကို ကိစ္စလေးလို့ မမြင်ပါဘူး၊ ကျနော်တို့ သတိထားမိတာ ပထမအကြိမ်ခင်ဗျားလက်မှတ်စစ်မိတာ ကျနော်တို့နိုင်ငံကိုရောက်ပြီးပထမအပတ်မှာဖြစ်တာ၊ လက်မှတ်စစ်က ခင်ဗျားပြောသမျှကို လက်ခံယုံကြည်ပေးခဲ့တယ်၊ ဘာဖြစ်လို့လဲဆိုတော့ ခင်ဗျားက နိုင်ငံခြားသားဆိုတော့ ရောက်တာသိပ်မကြာသေးလို့ လက်မှတ်မဝယ်တတ်ဘူးဆိုပြီးအကြောင်းပြချက်ပေးခဲ့လို့ ခင်ဗျားကိုခွင့်လွှတ်ခဲ့တယ်၊
ဒီလိုနဲ့ ဒုတိယအခေါက်ထပ်ကျူးလွန်ပြန်တယ် ”“အဲတုန်းက ကျနော့်အိတ်ကပ်ထဲမှာ ပိုက်ဆံအကြွေမရှိလို့ ”

“ မဟုတ်ဘူး၊ မဟုတ်ဘူး မစ္စတာ၊ ကျနော် ဒီအကြောင်းပြချက်ကိုလက်မခံနိုင်ဘူး၊ ခင်ဗျားက ကျနော့်ရဲ့ အကဲဖြတ်နိုင်စွမ်းဉာဏ်ကို သံသယဝင်နေပြီ၊ ဒီဖြစ်ရပ်နှစ်ခုကြားမှာ ခင်ဗျား လက်မှတ်မဝယ်တာ အကြိမ်တစ်ရာအထက်မနည်းဘူး လို့ ကျနော်ယူဆတယ်”

“ အဲဒါလေးနဲ့ပဲ အပြစ်က ဒီလောက်ကြီးသွားရောလား .. နောက်ပြင်လို့ရတာပဲလေ… မဟုတ်ဘူးလား”“ မရဘူး.. မရဘူးမစ္စတာ၊ ဒီကိစ္စအတွက် ကျနော် အချက်နှစ်ချက်ကို ထောက်ပြချင်တယ် ..တစ်… ခင်ဗျားဟာ စည်းကမ်းကိုမလေးစားဘူး၊ ဒါတင်မကဘူး၊ ခင်ဗျားဟာ စည်းကမ်းထဲက လစ်ဟာနေတဲ့အချက်ကိုအသုံးချပြီး မကောင်းကြံခဲ့တယ်နှစ်… ခင်ဗျားဟာ ယုံကြည်ထိုက်သူမဟုတ်ဘူး၊ ကျနော်တို့ကုမ္ပဏီက ယုံကြည်မှုကိုအားထားပြီး အလုပ်လုပ်နေရတဲ့ကုမ္ပဏီဖြစ်တယ်၊ တကယ်လို့ကျနော်တို့ခင်ဗျားကို အလုပ်ခန့်လိုက်ရင် ခင်ဗျားတာဝန်ယူရတဲ့အပိုင်းက ဒေသတစ်ခုအတွက် စျေးကွက်ဖြန့်ကျက်ဖို့လည်းဖြစ်သွားချင် ဖြစ်သွားနိုင်တယ်၊ ကုမ္ဗဏီရဲ့ ဘဏ္ဍရေးကို ချွေတာတဲ့အနေနဲ့ ကျနော်တို့ ကုမ္ပဏီတွေမှာ လုံခြုံရေးကင်မရာတွေ၊ လုံခြံုရေး စနစ်တွေလည်းထားရှိတာမဟုတ်ဘူး၊ ကျနော်တို့ အများပြည်သူသုံး ဘတ်စကား၊ရထားလိုမျိုးပေါ့။

ဒါ့ကြောင့် ကျနော်တို့ ခင်ဗျားကိုလုံးဝ အသုံးချလို့မရဘူး၊ ကုန်ကုန်ပြောရရင်၊ ကျနော်တို့ မှမဟုတ်ဘူး၊ ခင်ဗျားကို ကျနော်တို့တစ်နိုင်ငံလုံးက အခြားကုမ္ပဏီတွေလည်း အသုံးချရဲမှာလည်းမဟုတ်ဘူး၊ဒီအချိန်မှာမှ သူအိပ်မက်က နိုးထလာသလို ဖြတ်ခနဲ အသိတစ်ခုရသွားတယ်၊

တကယ့်မှာ သူအသိတရားရသွားစေတဲ့စကားတစ်ခွန်းက အင်တာဗျူးလူကြီး ပြောလိုက်တဲ့ နောက်ဆုံးစကားတစ်ခွန်း ကြောင့်ဖြစ်တယ်။
ထိုလူကြီးပြောလိုက်တဲ့နောက်ဆုံးစကားတစ်ခွန်းလေးက..“ စာရိတ္တက ဉာဏ်ပညာရဲ့ ချို့တဲ့မှုကွက်လပ်ကိုခဏခဏ ဖြည့်ပေးနိုင်တယ်၊ ဒါပေမယ့် ဉာဏ်ပညာက စာရိတ္တရဲ့ ကွက်လပ်ကို တစ်သက်လုံး မဖြည့်ပေးနိုင်ဘူး” တဲ့

၁။ တောင်းရမ်းနေတဲ့သူအချို့နဲ့ တွေ့တဲ့အခါ -ပိုက်ဆံလိုအပ်လို့ တောင်းနေတဲ့သူတွေ့တဲ့အခါ ပိုက်ဆံလေးနည်းနည်းလောက်ပေးခဲ့၊စားစရာမရှိလို့ ငတ်နေတဲ့သူတွေ့တဲ့အခါ ကိုယ်အိမ်ပြန်ရင်စားဖို့ အစာထုပ်လေးကို ပေးခဲ့၊

၂။ ဘတ်စ်ကားပေါ်မှာ၊ သူအို၊သူနာ၊ကိုယ်ဝန်သည်တွေတွေ့တဲ့အခါ အသံအကျယ်ကြီးလည်းပြောစရာမလိုဘူး၊အရမ်းကိုစိတ်အားထက်သန်စရာလည်းမလိုဘူး၊ ကိုယ်နောက်တစ်ဂိတ်ဆင်းတော့မှာလိုလိုနဲ့ သူ့အတွက်အသာလေး ထပေးလိုက်၊ ပြီးတော့မှ ကားပေါ်ကဆင်းသလိုလိုနဲ့ ခပ်လှမ်းလှမ်းကားအနောက်မှာသွားရပ်ပေးလိုက်၊ (သူအားနာမမိအောင်လို့) ၊ သူက ကျေးဇူးတင်ပါတယ်လို့ ဖွဖွလေးပြောတဲ့အခါ ကိုယ်က တစ်ချက်ပြန်ပြုံးပြလိုက်။

၃။ မိုးရွာထဲ၊ ရာသီဥတုအရမ်းအေးတဲ့ညတွေမှာ ၊ ညနေစောင်းတွေမှာ စျေးရောင်းနေတဲ့သူတွေ၊ သစ်သီးရောင်းနေတဲ့သူတွေ၊ သတင်းစာရောင်းနေတဲ့သူတွေ၊ စံပယ်ကုံးရောင်းနေတဲ့အဘွားအိုတွေ၊ လက်ထဲမှာ နည်းနည်းလေးကျန်နေတယ်၊ အိမ်ပြန်လည်းသယ်သွားလို့မရ ဖြစ်နေတာမျိုးတွေ့ရင်၊ အကုန်ဝယ်နိုင်ရင် ဝယ်ပစ်လိုက်၊ မဝယ်နိုင်ရင် နည်းနည်းလောက်တော့ဝယ်လိုက်၊ ကိုယ်စားနိုင်နိုင်၊ မစားနိုင်နိုင်၊ ဖတ်ဖြစ်ဖြစ်၊ မဖတ်ဖြစ်ဖြစ် ဝယ်ပေးလိုက်၊ အဲဒီလို စိတ်မျိုးလူနည်းနည်းလေးရှိပစေဦး၊ ကုန်သွားရင် သူဒီည အိမ်စောစောပြန်လို့ရလိမ့်မယ်၊ 🙂

၄။ လမ်းမှားနေတဲ့ ကလေးတွေ၊ အဘွားအိုတွေ ၊ အိမ်လိုက်ပို့ပေးနိုင်ရင် ပို့ပေးလိုက်၊ (ကိုယ့်လုံခြုံမှုတော့ သတိထားပေါ့) ၊ မပို့ပေးနိုင်ရင် တက္ကစီငှားပေးလိုက် ၊ ရဲစခန်းလိုက်ပို့လိုက်လည်းဖြစ်တယ်၊ တကယ်လို့ သူက သူ့အိမ်ဖုန်းနံပါတ်သိရင် ဖုန်းလေးတစ်ချက် ကူဆက်ပေးလိုက်။

၅။ လိပ်စာမသိလို့လာမေးတဲ့အခါ သင်သိရင် ကြုံတုန်းတစ်ချက်လေးပြောခဲ့လိုက်၊ ထင်ရှားတဲ့အမှတ်အသားတွေနဲ့ လမ်းပြပေးလိုက်၊

၆။ ပိုက်ဆံအိတ်ကောက်ရရင် ဆက်သွယ်ဖို့လိပ်စာပါခဲ့ရင် ပိုင်ရှင်ကို ဆက်သွယ်ပြီး ပြန်ပေးလိုက်၊ မဆက်သွယ်နိုင်ရင် ရဲစခန်းအပ်လိုက်၊ ( ပေါက်ကရမတွေးပါနှင့်)

၇။ ကျောင်းအကျီင်္နဲ့အချို့ကလေးတွေ၊ ဆယ်တန်းတောင်မအောင်သေးဘူး၊ ကျောင်းတတ်ရင်း အလုပ်လုပ်နေတာမျိုးတွေ့ရင် သူဘာရောင်းရောင်း ဝယ်လိုက်၊ တကယ်လို့ သူ့အိမ်မှာသာ တကယ်အခက်အခဲမရှိဘူးဆိုရင် သူလည်း ဒီလိုထွက်လာပြီး အလုပ်လုပ်ရဲမှာမဟုတ်ဘူး၊ ( ကိုယ်တွေငယ်စဉ်ကလိုပေါ့၊ ကိုယ့်မိဘတွေ စျေးဆစ်တာကို သေလောက်အောင်ရှက်တယ်၊ သူတို့လေးတွေဆို အပြင်ထွက်ပြီး စျေးဗန်းကိုင်ဖို့ ပိုလို့တောင်ရှက်ရှာကြမှာပေါ့) တကယ်မလိုအပ်ရင် သူ့မိဘတွေလည်း ကလေးကို နေပူထဲ၊ မိုးထဲ အလုပ်ထွက်လုပ်ခိုင်းမှာမဟုတ်ဘူး၊ သူ့ရဲ့ စိတ်ဓာတ်နဲ့ခွန်အားကို အားပေးလိုက်၊ ဝယ်ပေးလိုက်၊ နည်းနည်းလေးဝယ်လိုက်လို့လည်း သင်လည်းမွဲသွားမှာမှ မဟုတ်တာ။

၈။ အချို့ ဘာမှမလုပ်တတ်မကိုင်တတ်တော့ လမ်းဘေးမှာ အပိုဝင်ငွေလေးရအောင် စကော့စျေးတွေရှေ့မှာ ကားဂိတ်မှာ၊ အန္တရာယ်များတဲ့မီးပွိုင့်ကားကြားတွေမှာ၊ လက်ကမ်းစာစောင်ဝေနေတာမျိုးတွေ့ရင် ကိုယ်က လက်နှစ်ဖက်နဲ့ယူပေးလိုက်၊ သူ့အလုပ်ကို လေးစားကြောင်းပြလိုက်၊ အဲဒါက လက်စိမ်းစိမ်းကြီးထုတ်ကာလိုက်တာထက်စာရင်တော့ သူ့အတွက်အများကြီး နွေးထွေးနေလိမ့်မယ်၊

၉။ ည၉နာရီကျော်ပြီးသည့်တိုင်အောင် အိမ်မပြန်သေးဘဲ လက်ကျန်နည်းနည်းလေး ဆက်ရောင်းနေတာမျိုးတွေ့ရင် ဝယ်လိုက်၊ စျေးမဆစ်နဲ့၊ ဘယ်သူက မိုးချုပ်ကြီး အိမ်ပြန်ပြီး မိသားစုနဲ့မတွေ့ချင်ဘဲ ညအေးကြီးထဲမှာ စျေးကို ခဲရာခဲဆစ်ရောင်းနေပါ့မလဲ၊

၁၀။ တကယ်လို့ ပိုက်ဆံအရမ်းချမ်းသာနေရင်၊ အပျော်မရှာနဲ့၊ မယားငယ်မရှာနဲ့၊ မယားငယ်ထားမယ့်အစား အရှင်ဇဝနတို့လို၊ အရှင်ဆေကိန္ဒတို့ု တကယ်ချို့တဲ့တဲ့ ကျောင်းသားတစ်ယောက်ယောက်ကိုထား၊ ခိုးမွေးစား၊ သင်ဘယ်သူလဲဆိုတာ ကလေးကို မသိစေနဲ့၊ မဟုတ်လို့ရှိရင် တွေ့တဲ့အခါ အားနာနေလိမ့်မယ်၊ ဒါပေမယ့် သင့်စိတ်ထဲမှာတော့ မယားငယ်ထားတာထက်ကိုစိတ်ထဲမှာ အင်မတန်အေးချမ်းနေတာကို သင်တွေ့ရလိမ့်မယ်၊

၁၁။ တကယ်လို့ သင့်မှာ အားလပ်ချိန်အချို့ရှိရင် ပရဟိတလုပ်နေတဲ့ အသင်းအဖွဲ့တွေနဲ့ ချိတ်မိနိုင်ဖို့ကိ ုကြိုးစား၊ သူတို့ဘာတွေလှုပ်ရှားလဲ၊ ဘယ်နေရာမှာ ဘာတွေချို့တဲ့နေလဲ၊ သိအောင်လုပ်၊ ပြီးရင်တတ်နိုင်သလောက် လိုတဲ့နေရာမှာ အကူအညီပေးဖို့ ကြိုးစား၊ အကျီင်္ အရောင်တွေဘာတွေ မခွဲနဲ့၊

၁၂။ နောက်ဆုံး စကားက တတ်နိုင်ရင် အခြားလူတွေလည်း ဒီလိုစိတ်လေးတွေ မွေးမြူရကောင်းမှန်း သတိထားမိအောင် တတ်နိုင်သလောက်လေးတော့ ရှဲ သွား.. ဒါမှမဟုတ် ကူးသွား … စိတ်မဆိုးဘူး … ရေးရကြိုးနပ်တယ်။

စဉ်းစားကြည့်နော်၊ ကိုယ်နေတဲ့နိုင်ငံမတိုးတတ်သေးဘူးဘဲထား၊ စိတ်လေးတွေမှာ သူလည်းဒီလို၊ကိုယ်လည်းဒီလိုတိုးတက်နေရင် ကိုယ်နေထိုင်တဲ့ ကိုယ့်ပတ်ဝန်းကျင်ကလေးက အင်မတန်မှ ကြည်နူးစရာကောင်းလိမ့်မယ်…

Leave A Reply

Your email address will not be published.

error: Content is protected !!