Latest Breaking News & Headlines

ဗိုလ်ချုပ်ရုပ်ရှင်အတွက် လိုအပ်သော ဇာတ်ဝင်ခန်းသုံး ပစ္စည်းများကို ပံ့ပိုးပေးမယ့် နန္ဒာလှိုင်တို့မိသားစုရဲ့ ဇေကမ္ဘာပြတိုက်…

114

ဒါရိုက်တာ လူမင်း ဦးစီးရိုက်ကူးတဲ့ အောင်ဆန်း ရုပ်ရှင်ဇာတ်ကားကြီးကတော့ နှစ်ပေါင်းများစွာ ကြိုတင် စီစဉ် ထားခဲ့ကြပြီး ပြီးခဲ့တဲ့ (၂၀၁၉)ခုနှစ်အတွင်းကပဲ စတင်ရိုက်ကူးနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

မြန်မာတစ်နိုင်ငံလုံးက စောင့်ကြည့်ကြမယ့် ရုပ်ရှင်ဇာတ်ကားကြီးဖြစ်တဲ့အတွက် ပါဝင်သရုပ်ဆောင်မယ့် သရုပ်ဆောင်တွေကိုလည်း သေသေချာချာ စိစစ်ရွေးချယ်ခဲ့ရသလို ဇာတ်ဝင်ခန်းအတွက် လိုအပ်တဲ့နေရာ၊ အသုံးအဆောင်ပစ္စည်းတွေကိုလည်း ဂရုတစိုက် ပြုလုပ်နေရတာပဲ ဖြစ်ပါတယ်။

(၁၉၂၀)နောက်ပိုင်း ခေတ်ကာလကို ပြန်လည်ရိုက်ကူးရတဲ့အတွက် ထိုခေတ်က အသုံးပြုခဲ့တဲ့ အသုံးအဆောင်ပစ္စည်းတွေကိုလည်း သေသေချာချာလေး ရှာဖွေနေရတာပဲ ဖြစ်ပါတယ်။

နန္ဒာလှိုင်ရဲ့ ခင်ပွန်းပိုင်ဆိုင်တဲ့ ဇေကမ္ဘာပြတိုက်ကလည်း ဗိုလ်ချုပ်ရုပ်ရှင်အတွက် လိုအပ်တဲ့ ဇာတ်ဝင်ခန်းသုံးပစ္စည်းများကိုလည်း ပံ့ပိုးပေးသွားမယ်လို့ သိရပါတယ်။

ဇေကမ္ဘာပြတိုက်ထဲမှာတော့ ရှေးဟောင်းပစ္စည်း အများအပြား ရှိတာကြောင့် အောင်ဆန်းရုပ်ရှင်အတွက် လိုအပ်တဲ့ ပစ္စည်းများ ရှိနေပါစေလို့လည်း အားလုံးက မျှော်လင့်နေကြတာပဲ ဖြစ်ပါတယ်။

အောင်ဆန်း ရုပ်ရှင်ဇာတ်ကားကြီးကတော့ ကြိုတင်ပြင်ဆင်မှုအားကောင်းကောင်းနဲ့ သေသေချာချာလေး စီစဉ်ထားတာကြောင့် ရလဒ်ကောင်းတစ်ခုကို ရရှိမှာ အသေအချာပါပဲ။

ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့ရက်လေးတစ်ရက်ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Leave A Reply

Your email address will not be published.

error: Content is protected !!