ညောင်ဦးခရိုင် ငါ့သရောက်မြို့နယ် ကုလားတဲကျေးရွာတွင် KYC Kulatel Youth Center လူငယ်စကားဝိုင်း (၁၇)ကြိမ်မြောက် ကျင်းပ…
KYC လူငယ်စကားဝိုင်း(၁၇)ကြိမ်မြောက်တွင် ငါ့သရောက်ရဲစခန်းမှူး ဦးအေးကျော်မှ လူငယ်များ သိသင့်သိထိုက်သော ဥပဒေအကြောင်းအရာများကို ပြောကြားခဲ့ပါတယ်…။

KYC leader တစ်ဦးမှ စာဖတ်နည်းများကို အသုံးချတတ်စေရန် မျှဝေပေးခဲ့ပါတယ်…။
လူငယ်များကိုယ်တိုင် စာပေဖတ်ရှုခိုင်းပြီး ပြန်လည်မျှဝေစေခဲ့ပါတယ်…။

Reading short story + Free discussion (စာဖတ်ခြင်းနှင့် လွတ်လပ်စွာ ဆွေးနွေးခဲ့ပါတယ်…။
KYCနဲ့ပတ်သက်ပြီးKYCသမိုင်းကြောင်းများကိုလည်း ရှင်းလင်းပြောကြားခဲ့ပါတယ်…။

ကျေးရွာသူ/သားများထံမှလည်း KYCကိုစိတ်၀င်စားကြောင်း၊လူငယ်တွေအတွက်တစ်ဖက်တစ်လှမ်းမှကူညီမည်ဖြစ်ကြောင်းနှင့်၊ ကျေးရွာသူ/သားများထံမှ အကြံပေးချက်များရခဲ့အတွက် လည်းအင်မတန်အားတက်ခဲ့ရပါတယ်…။
လူငယ်များ စိတ်အပန်းပြေစေရန် ပျော်စရာ gameတစ်ခုဆော့ခဲ့ပါတယ်…။

Music of the day(English Song)သင်ကြားခဲ့ပါတယ်…။
လူငယ်များအတွက် KYCခေါင်းဆောင်တစ်ဦးမှ စာဖတ်ခြင်းနှင်းပတ်သက်၍ ပြောကြားခဲ့ပါတယ်…။

ပူးပေါင်းလုပ်ဆောင်ကြခြင်းဖြင့် ကျေးလက်နေလူငယ်များကို မြှင့်တင်ကြပါစို့…။
We Together can do it…

ရှေ့ဆက်လုပ်ဆောင်မည့် အစီစဥ်များ …
အဆင့်မြှင့်စာကြည့်တိုက်ဝန်ဆောင်မှုများ ၊ သင်တန်းများ ၊ လူငယ်တိုးတက်ရေး အစီအစဥ်များနှင့် ရေရှည်တည်တံ့ ခိုင်မြဲရေးတို့အတွက် ရန်ပုံငွေ တောင့်တင်းရန်လိုပါသည်။ စိတ်ပါဝင်စားသော မိဘပြည်သူ ညီအကို မောင်နှမများ အနေနဲ့လည်း တတ်နိုင်သလောက် ပါဝင်လှူဒါန်းနိုင်ပါကြောင်း နှိုးဆော်အပ်ပါသည်…။
KuLaTel Youth Center (KYC) အကြောင်း ပိုမို သိရှိလိုပါက KYC Community Center Pageတွင် လေ့လာနိုင်ပါတယ်…။
#နေနွယ်